ဘက်တစ်နှင့် ကစားမည့် ဘာစီလိုနာအသင်း၏လူစာရင်းတွင် မက်ဆီ ပါဝင်ခြင်းမရှိ

ဘက်တစ်နှင့် ကစားမည့် ဘာစီလိုနာအသင်း၏လူစာရင်းတွင် မက်ဆီ ပါဝင်ခြင်းမရှိ
Photos: Getty Images & Twitter
Photos: Getty Images & Twitter
Published 25 August 2019

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ယနေ့ညတွင် ဘက်တစ်အသင်းနှင့် လာလီဂါပွဲစဉ်ကစားမည့် ဘာစီလိုနာအသင်း၏ လူစာရင်း၌ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီသည် ယနေ့ညတွင် ဘက်တစ်အသင်းနှင့် လာလီဂါပွဲစဉ်ကစားမည့် ဘာစီလိုနာအသင်း၏ လူစာရင်း၌ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။ 

မက်ဆီသည် ရာသီကြိုအသင်း၏လေ့ကျင့်ရေးအစီအစဉ်တွင် ခြေသလုံးဒဏ်ရာရရှိခဲ့ပြီး လေ့ကျင့်မှုများ ပြန်လည်ပြုလုပ်နေသဖြင့် ဘက်တစ်အသင်းနှင့်ပွဲတွင် ပြန်လည်ပါဝင်ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

သို့သော် မက်ဆီသည် ဘက်တစ်နှင့် ကစားမည့်ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့သည့် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ပါဝင်ခဲ့ခြင်းမရှိသလို၊ နည်းပြ ဗယ်လ်ဗာဒီက မက်ဆီကို ကြံ့ခိုင်မှု (၁၀၀) ရာခိုင်နှုန်းမပြည့်ဘဲ အသုံးပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဗယ်လ်ဗာဒီက "မက်ဆီအနေနဲ့ ကြံ့ခိုင်မှု (၁၀၀) ရာခိုင်နှုန်းမပြည့်ဘဲနဲ့ ကျွန်တော်တို့ သူ့ကို အရဲစွန့်ပြီး အသုံးပြုမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။

မက်ဆီသည် ခြေသလုံးဒဏ်ရာကြောင့် ဘီလ်ဘာအိုအသင်းအား (၀-၁) ဂိုးဖြင့် ရှုံးနိမ့်သည့် ဘာစီလိုနာအသင်း၏ လာလီဂါအဖွင့်ပွဲစဉ်ကိုလည်း လွဲချော်ခဲ့သည်။

လက်ရှိ ဘာစီလိုနာအသင်း၏ တိုက်စစ်တွင် မက်ဆီ၊ ဆွာရက်ဇ်နှင့် ဒမ်ဘီလီတို့မှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရပြီး ကြံ့ခိုင်မှုပြည့်ဝသူမှာ ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အက်သလက်တီကိုအသင်းမှ ခေါ်ယူထားသည့် ဂရီးဇ်မန်းတစ်ဦးတည်းသာ ရှိကြောင်း သိရသည်။

ထို့ကြောင့် ဗယ်လ်ဗာဒီသည် ဘက်တစ်အသင်းနှင့်ကစားမည့် ပွဲစဉ်အတွက် ဘာစီလိုနာ (B) အသင်းမှ တောင်ပံကစားသမား ကားလက်စ်ပီရက်ဇ်နှင့် လူငယ်တိုက်စစ်ကစားသမား အန်ဆူဖာတီကို ခေါ်ယူထားကြောင်း သိရသည်။

ဘာစီလိုနာအသင်းနှင့် ဘက်တစ်တို့၏ လာလီဂါပွဲစဉ်ကို ယနေ့ည (မြန်မာစံတော်ချိန် တနင်္လာနံနက် ၁:၃၀ နာရီ)တွင် ဘာစီလိုနာအသင်း၏ အိမ်ကွင်း နူးကမ့်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

Most Read

Most Recent