စီရော်နယ်လ်ဒိုထက် မက်ဆီ ပိုသာလွန်ဟု သုတေသနစစ်တမ်းတစ်ခုက ဖော်ပြ

စီရော်နယ်လ်ဒိုထက် မက်ဆီ ပိုသာလွန်ဟု သုတေသနစစ်တမ်းတစ်ခုက ဖော်ပြ
Photos : AFP, SciSports
Photos : AFP, SciSports
Published 24 August 2019

ဘယ်လ်ဂျီယံရှိ လျူဗန်သုတေသန တက္ကသိုလ်နှင့် ဒတ်ချ်အခြေစိုက်ဘောလုံး အချက်အလက်ကုမ္ပဏီ SciSports တို့ ပူးပေါင်းထုတ်ပြန်သည့် သုတေသနစစ်တမ်းတစ်ခုတွင် မက်ဆီမှာ စီရော်နယ်လ်ဒိုထက် ပိုမိုသာလွန်ကြောင်း ဖော်ပြခဲ့သည်။

လျူဗန်တက္ကသိုလ်ပါမောက္ခဖြစ်သူ ယက်ဆီဒေးဗစ်က ''ဘောလုံးသမားတစ်ယောက်ရဲ့တန်ဖိုးကို ဂိုးတွေ၊ ဂိုးဖန်တီးမှုတွေ နဲ့ ဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်လိုပဲဖြစ် ဖြစ် ပွဲတစ်ပွဲမှာ ပျမ်းမျှလှုပ်ရှားမှု (၁၆၀၀) လောက်ရှိတဲ့အထဲမှာ ဂိုးတစ်ဂိုးဟာ ရှားပါးလှတဲ့ အခြေအနေတစ်ရပ်ပါ။ ကျွန်တော်တို့ရဲ့စစ်တမ်းမှာ ဒီလှုပ်ရှားမှုတွေအလိုက် တစ်ခုချင်းစီကို ရှာဖွေခဲ့ပါတယ်။ ပေးပို့မှု၊ ကန် သွင်းမှု၊ ဖြတ်ကျော်မှုစတဲ့အချက်တွေ ပါဝင်ပြီး ဒီအရာတွေရဲ့တန်ဖိုးကို တွက်ချက်ကြတာပါ''ဟု ဘယ်လ်ဂျီယံသတင်းစာ Sportza သို့ ပြောကြားခဲ့သည်။

ယင်းစစ်တမ်းတွင် ၂၀၁၃-၁၄ လာလီဂါရာသီမှ ၂၀၁၇-၁၈ ရာသီကုန်အထိလေ့လာကာ စစ်တမ်းပြုစုထားသည့် အချက်အလက်အားလုံးကိုတွက်ချက်ရာတွင် မက်ဆီမှာ အညွှန်းကိန်း (၁.၂၁) ရှိခဲ့ပြီး စီရော်နယ်လ်ဒိုမှာမူ (၀.၆၁)သာရှိခဲ့ကြောင်း သိရသည်။

ယခုတွက်ချက်မှု၌ အဆိုပါကစားသမား(၂)ဦး၏ ချန်ပီယံလိဂ်၊ စပိန်ဘုရင့်ဖလားနှင့် နိုင်ငံတကာပွဲများမှ စွမ်းဆောင်ရည်များကိုမူ ချန် လှပ်ထားခဲ့သည်။

စစ်တမ်းပြုစုရာတွင် ပါဝင်ခဲ့သူ PhD ကျောင်းသား တမ်ဒီကရူးစ်က ''တချို့ကစားသမားတွေဟာ လှုပ်ရှားမှုများပေမယ့် တန်ဖိုးနိမ့်ပါတယ်။ ဥပမာအားဖြင့် ပေါ့ဘာပေါ့။ တချို့က ဘောလုံးနဲ့ကစားရတာနည်းပေမယ့် အသင်းရဲ့ကြီးမားတဲ့ အ စိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ ဒါက ဟာရီကိန်း၊ ဆာလာ၊ စီရော်နယ်လ်ဒိုတို့လို ကစားသမားတွေပေါ့။ မက်ဆီကတော့ ထူးခြားပြီး တန်ဖိုးမြင့်လှုပ်ရှားမှုတွေက ထုထည်ကြီးမားတဲ့ ပမာဏလောက်အထိ ရှိနေပါတယ်''ဟု သုံးသပ်ခဲ့သည်။

Most Read

Most Recent