ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး စာရင်း၌ ပုဂံဒေသအား ထည့်သွင်း သတ်မှတ်ကြောင်း ယနေ့ (ဇူလိုင် ၆ ရက်) တွင် UNESCO ဆုံးဖြတ်ခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့တွင် ပြုလုပ်နေသည့် ၄၃ ကြိမ်မြောက် ယူနက်စကိုအစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်နေသည့် မြန်မာကိုယ်စားလှယ် အဖွဲ့တွင် ပါဝင်သည့် ဦးမျိုးဆွေသန်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
ပုဂံဒေသမှာ 1996 ခုနှစ်တွင် ယူနက်စကိုစာရင်းသို့ တင်သွင်းခဲ့သော်လည်း သတ်မှတ်ခြင်း မခံခဲ့ရပေ။
ယခုနှစ်မှသာ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။