အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များအားလုံးတက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထိုင်းအာဏာပိုင်အဖွဲ့က လုံခြုံရေးအင်အား တစ်သောင်းဝန်းကျင်ဖြင့် လုံခြုံရေးယူထား

အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များအားလုံးတက်ရောက်မည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ထိုင်းအာဏာပိုင်အဖွဲ့က လုံခြုံရေးအင်အား တစ်သောင်းဝန်းကျင်ဖြင့် လုံခြုံရေးယူထား
အာဆီယံထိပ်သီး အစည်းအဝေးပွဲကျင်းပရာ ဟိုတယ်တွင် လုံခြ့ုရေးတပ်ဖွဲ့ဝင်များချထားစဉ်
အာဆီယံထိပ်သီး အစည်းအဝေးပွဲကျင်းပရာ ဟိုတယ်တွင် လုံခြ့ုရေးတပ်ဖွဲ့ဝင်များချထားစဉ်
Published 21 June 2019

အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များအားလုံး တက်ရောက်မည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် ထိုင်းအာဏာပိုင်အဖွဲ့က လုံခြုံရေးအင်အား တစ်သောင်းဝန်းကျင်ဖြင့် တပ်ဖြန့်ကာ လုံခြုံရေးယူထားကြောင်း သိရသည်။

ဇွန် ၂၂ နှင့် ၂၃ တွင် ခေါင်းဆောင်များ၏ အဓိကဆွေးနွေးပွဲများ ပြုလုပ်ရန်ရှိသည့်အတွက် အာဆီယံထိပ်သီး ဆွေးနွေးပွဲကျင်းပရာ ဘန်ကောက်မြို့ရှိ The Athenee ဟိုတယ်နှင့် အနီးပတ်ဝန်းကျင်လမ်းမများကို လုံခြုံရေးများ တစ်သောင်းခန့်ဖြင့် လုံခြုံရေးရယူထားကြောင်း ထိုင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်ပြီး ဘန်ကောက်ဆွေးနွေးပွဲသို့ အာဆီယံ ၁၀ နိုင်ငံလုံးမှ ခေါင်းဆောင်များ တက်ရောက်လိမ့်မည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထားသည်။

ရဲအရာရှိများ၊ လုံခြုံရေးအဖွဲ့များသည် ဆွေးနွေးပွဲကျင်းပမည့် ဟိုတယ်နှင့် ချိတ်ဆက်ထားသော လမ်းမများ၊ ဂုံးကျော်တံတားများ၊ ရထားလမ်းများအထိ တပ်ဖြန့်ချထားကြောင်းသိရသည်။

ယခုကျင်းပနေသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ရယူထားခြင်းဖြစ်သည်။

၃၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲကျင်းပရာ ဘန်ကောက်မြို့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာအစိုးရအဖွဲ့အကြီးအကဲများ မကြာမီရောက်ရှိလာကြမည်ဖြစ်ပြီး အာဆီယံခေါင်းဆောင်များ ယနေ့(ဇွန် ၂၁ ရက်)တွင် အစည်းအဝေးပွဲကျင်းပရာ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြမည်ဖြစ်သည်။

Most Read

Most Recent