ဖီဖာက ပိတ်ပင်ထားသည့် ပြစ်ဒဏ်အတွက် CAS ထံသို့ ရိုင်အိုလာ အယူခံဝင်ခဲ့ပြီး အေးဂျင့်အလုပ်ကို ယာယီအားဖြင့် ပြန်လည်လုပ်ခွင့်ရ

ဖီဖာက ပိတ်ပင်ထားသည့် ပြစ်ဒဏ်အတွက် CAS ထံသို့ ရိုင်အိုလာ အယူခံဝင်ခဲ့ပြီး အေးဂျင့်အလုပ်ကို ယာယီအားဖြင့် ပြန်လည်လုပ်ခွင့်ရ
Photo: Getty Images
Photo: Getty Images
Published 14 June 2019

အပြောင်းအရွှေ့လှုပ်ရှားမှုများကို ပိတ်ပင်ခံထားရသည့် နာမည်ကျော်အေးဂျင့်ဖြစ်သူ မီနိုရိုင်အိုလာသည် သူ၏ပြစ် ဒဏ်အတွက် နိုင်ငံတကာအားကစားခုံရုံး (CAS) ထံသို့ အယူခံလွှာတင်သွင်းခဲ့ခြင်းကြောင့် ပြစ်ဒဏ်မှာ ယာယီအားဖြင့် ဆိုင်းငံ့သွားခဲ့ပြီး အပြောင်းအရွှေ့လှုပ်ရှားမှုများကို ပြန်လုပ်ခွင့်ရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

အသက်(၅၁)နှစ်အရွယ်ရှိ ရိုင်အိုလာသည် အပြောင်းအရွှေ့စည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရသဖြင့် အီတလီဘောလုံးအဖွဲ့ချုပ်က အပြောင်းအရွှေ့ပြုလုပ်ခွင့်ကို ပိတ်ပင်ခဲ့ပြီး၊ ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီကလည်း မေလအတွင်းက သူ၏ပြစ်ဒဏ်ကို အီတလီတစ်နိုင်ငံတည်းသာမက ကမ္ဘာလုံးဆိုင်ရာပြစ်ဒဏ်အဖြစ် ထပ်တိုးချမှတ်ခဲ့သည်။

ယခုအခါ ရိုင်အိုလာက သူ၏ပြစ်ဒဏ်နှင့်ပတ်သက်ပြီး CAS ထံသို့ အယူခံလွှာတင်သွင်းလိုက်ခြင်းကြောင့် အီတလီနိုင်ငံပြင်ပရှိ အပြောင်းအရွှေ့လှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်ခွင့်ရရှိခဲ့ခြင်းလည်းဖြစ်သည်။ 

အယူခံလွှာတင်ပြီးနောက် CAS က သူ၏အမှုကိုစတင်စစ်ဆေးသွားမည်ဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်ကိုမူ ဇူလိုင်လအစောပိုင်းတွင် ကြေညာသွားမည်ဖြစ်သည်ဟု သိရှိရသည်။ 

ယင်းအတွက်ကြောင့် ရိုင်အိုလာသည် ပြစ်ဒဏ်ပယ်ဖျက်ခံရခွင့်ရှိသလို၊ ပြစ်ဒဏ်ပိုမိုတိုးလာနိုင်ခြေလည်းရှိနေပြီး၊ အကျိုးအမြတ်အားဖြင့်မူ လာမည့်ဇူလိုင်လအထိ အပြောင်းအရွှေ့လှုပ်ရှားမှုများကို ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ယခုအချိန်သည် အပြောင်းအရွှေ့ဈေးကွက်ဖွင့်ချိန်ဖြစ်သဖြင့် CAS က ပြစ်ဒဏ်ကို ယာယီဆိုင်းငံ့ပေးခဲ့ခြင်းမှာ ပေါ့ဘာ၊ ဒီလစ် စသည့်ကစားသမားများ၏ အပြောင်းအရွှေ့ဇာတ်လမ်းများကို အဆုံးသတ်ပေးရန် လုံလောက်သည့်အချိန်ကာလတစ်ခုကို ရရှိသွားခဲ့ခြင်းလည်း ဖြစ်သည်။ 

ရိုင်အိုလာက ပြစ်ဒဏ်ဆိုင်းငံ့ထားသည့်ကာလအတွင်းတွင် ဒီလစ်အား PSG အသင်းထံသို့ ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဆိုသည့်သတင်းများကိုလည်း "ဒါဟာ သတင်းတုဆိုတဲ့အရာအတွက် အကောင်းဆုံးဥပမာပါပဲ"ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent