မတ်ပဲ FAQ တစ်တန် ကျပ် ၈၈၀၀၀၀၊ မတ်ပဲ SQ တစ်တန် ကျပ် ၁၀၄၅၀၀၀ အထိ မြင့်တက်ခဲ့ပြီး တစ်လခွဲကျော်အတွင်း တစ်တန်လျှင် ကျပ် ၁၈၀၀၀၀ ဝန်းကျင် မြင့်တက်လာ

မတ်ပဲ FAQ တစ်တန် ကျပ် ၈၈၀၀၀၀၊ မတ်ပဲ SQ တစ်တန် ကျပ် ၁၀၄၅၀၀၀ အထိ မြင့်တက်ခဲ့ပြီး တစ်လခွဲကျော်အတွင်း တစ်တန်လျှင် ကျပ် ၁၈၀၀၀၀ ဝန်းကျင် မြင့်တက်လာ
Published 22 May 2019

မေလ တတိယပတ်တွင် မတ်ပဲ FAQ တစ်တန် ကျပ် ၈၈၀၀၀၀၊ မတ်ပဲ SQ တစ်တန် ကျပ် ၁၀၄၅၀၀၀ အထိ မြင့်တက်ခဲ့ပြီး ဧပြီလဆန်းစျေးနှင့်နှိုင်းယှဉ်ပါက တစ်တန်လျှင် ကျပ် ၁၈၀၀၀၀ ဝန်းကျင် မြင့်တက်လာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှရရှိသော စာရင်းများအရ ဧပြီ ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၄၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၅၀၀၀ စျေးရှိခဲ့ပြီး မေ ၃ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၃၈၀၀၀၊ မတ်ပဲ SQ တစ်တန် ကျပ် ၉၈၃၀၀၀ စျေးရှိခဲ့ကာ တစ်လခွဲကျော်အတွင်း တစ်တန်လျှင် ကျပ်တစ်သိန်းကျော် စျေးတက်ခဲ့သည်။

ဧပြီ ၃ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၅၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၄၀၀၀ အထိ စျေးတက်လာပြီး ဧပြီ ၁၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၉၁၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၉၂၁၀၀၀ စျေးရှိခဲ့ကြောင်း သိရသည်။

ဧပြီ ၂၆ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၈၁၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၉၅၅၀၀၀ အထိ စျေးရှိလာသဖြင့် ဧပြီလဆန်းပိုင်းကထက် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ရဝဝဝဝနှင့် မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၀၀၀၀ အထိ စျေးနှုန်းမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံက ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပဲမျိုးစုံတန်ချိန် ငါးသိန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက မတ်ပဲတန်ချိန်တစ်သိန်းခွဲ တင်သွင်းခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၅၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၇၅၀၀၀၊ ဖေဖော်ဝါရီ ၁ ရက် က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၂၀၀၀၀ စျေးရှိခဲ့သည်။

မတ် ၂၉ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၈၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၃၈၀၀၀ စျေးရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဲစျေးများမှာ ဇန်နဝါရီ  ၉ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၂၂၀၀၀၊ မတ်ပဲ SQ တစ်တန် လျှင် ကျပ် ၈၈၅၀၀၀ အထိ စျေးရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၁၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၄၈၀၀၀ အထိ ပဲစျေးကျဆင်းခဲ့သည်။ မတ် ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၉၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၃၄၀၀၀ အထိ စျေးအသီးသီး ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီလဆန်းပိုင်းအတွင်း အိန္ဒိယဘက်မှ ပဲဝယ်ယူမှုလျော့ကျခဲ့သဖြင့် ပြည်တွင်းပဲစျေးကွက်အတွင်း၌ ပဲစျေးအေးလာပြီး မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၉၉၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၆၉၀၀၀ အထိ စျေးကျခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

သို့သော် ဇန်နဝါရီ ၂၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၃၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၅၀၀၀ အထိ စျေးပြန်တက်ခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၁၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၈၀၀၀၊ ဇန်နဝါရီ ၂၃ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၂၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင်  ကျပ် ၈၈၂၀၀၀ အထိ စျေးရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent