၂၀၁၈ ခုနှစ် ဇွန်တွင် စုစုပေါင်းဘဏ်အပ်ငွေ ကျပ် ၄၀၄၀၂ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ ၂၆ လအတွင်း ဘဏ်အပ်ငွေ ကျပ်ဘီလျံ ၁၄၅၂၀ ကျော် မြင့်တက်

၂၀၁၈ ခုနှစ် ဇွန်တွင် စုစုပေါင်းဘဏ်အပ်ငွေ ကျပ် ၄၀၄၀၂ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ ၂၆ လအတွင်း ဘဏ်အပ်ငွေ ကျပ်ဘီလျံ ၁၄၅၂၀ ကျော် မြင့်တက်
 ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခု၏ လုပ်ငန်းခွင်ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 22 May 2019
စည်သူအောင်

၂၀၁၈ ခုနှစ် ဇွန်တွင် စုစုပေါင်းဘဏ်အပ်ငွေ Total Deposits ကျပ် ၄၀၄၀၂ ဘီလျံကျော်ရှိပြီး ၂၀၁၆ ခုနှစ် မတ်တွင် ကျပ် ၂၅၈၈၂ ဘီလျံကျော်ရှိခဲ့ရာ လက်ရှိအစိုးရ သက်တမ်းနှစ်နှစ်ကျော် (၂၆ လအတွင်း)တွင် ဘဏ်အပ်ငွေပမာဏ ကျပ် ၁၄၅၂၀ ဘီလျံကျော် မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်အတွက် ပထမဦးဆုံးထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume II) အရ သိရသည်။

ဘဏ္ဍာနှစ်အလိုက်ဖော်ပြသော စုစုပေါင်း အပ်ငွေပမာဏများမှာ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၇၀၁၀၊ ၂၀၁၂ - ၂၀၁၃ဘဏ္ဍာနှစ်တွင် ကျပ် ၁၁၇၃၃ ဘီလျံ၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၂၉၇ ဘီလျံ၊ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၁၉၉၁၉ ဘီလျံ၊ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅၈၈၂ ဘီလျံ၊ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၃၂၁၁၄ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကျပ် ၃၃၃၅၂ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၃၇၃၄၇ ဘီလျံ၊ ၂၀၁၈ ခုနှစ် ဇွန်တွင် ၄၀၄၀၂ ဘီလျံရှိခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် နှစ်လယ်အထိ ပုဂ္ဂလိကဘဏ်များတွင် အပ်ငွေစုစုပေါင်း ကျပ် ၂၉၆၀၆ ဘီလျံ၊ နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေစုစုပေါင်း ကျပ် ၁၀၀၄၀ ဘီလျံရှိပြီး ယခင်ခြောက်လနှင့် နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေရရှိရမှု ကျပ်ဘီလျံ ၆၅၀ ကျော် လျော့နည်းသွားသော်လည်း ပုဂ္ဂလိက ဘဏ်များတွင် အပ်ငွေရရှိမှု ကျပ်ဘီလျံ ၂၂၄၀ ကျော် မြင့်တက်ခဲ့သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေစုစုပေါင်းပမာဏမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၂၃၃၂၄ ဒသမ ၃၈၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၂၄၈၁၇ ဒသမ ၅၆၉ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၂၆၅၆၀ ဒသမ ၈၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျပ် ၂၇၃၆၀ ဒသမ ၈၆၉ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၂၈၅၉၈ ဒသမ ၈၃၄ ဘီလျံ၊  ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၂၉၆၀၆ ဒသမ ၉၄၄ ဘီလျံတို့ဖြစ်သည်။

၂၀၁၇ ခုနှစ် မတ်မှ ၂၀၁၈ ခုနှစ် ဇွန်လအထိ နိုင်ငံပိုင်ဘဏ်များတွင် အပ်နှံထားသည့် အပ်ငွေစုစုပေါင်းပမာဏမှာ ၂၀၁၇ ခုနှစ် မတ်တွင် ကျပ် ၉၉၇၉ ဒသမ ၃၄၅ဘီလျံ၊ ၂၀၁၇ ခုနှစ် ဇွန်တွင် ကျပ် ၁၀၄၅၁ ဒသမ ၄၂၆ ဘီလျံ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၀၆၅၂ ဒသမ ၈၈၁ ဘီလျံ၊ ၂၀၁၇ ခုနှစ်  ဒီဇင်ဘာတွင် ကျပ် ၁၀၆၉၁ ဒသမ  ၈၁၄ ဘီလျံ၊ ၂၀၁၈ ခုနှစ် မတ်တွင် ကျပ် ၁၁၄၃၆ ဒသမ ၄၉၅ ဘီလျံ၊  ၂၀၁၈ ခုနှစ် ဇွန်တွင် ကျပ် ၁၀၀၄၀ ဒသမ ၈၀၇ ဘီလျံတို့ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်နှင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ရှိသောအပ်ငွေစုစုပေါင်းကို နှိုင်းယှဉ်ပါက နိုင်ငံပိုင်ဘဏ်များတွင် အပ်ငွေ ကျပ် ၆၅၁ ဒသမ ၀၀၇ ဘီလျံလျော့ကျခဲ့ပြီး ပုဂ္ဂလိကဘဏ်များတွင် ကျပ် ၂၂၄၆ ဒသမ ၀၇၅ ဘီလျံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်လေးဘဏ်၊ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ်၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်၊ နိုင်ငံခြားဘဏ်ကိုယ် စားလှယ်ရုံး ၄၄ ခုဖွင့်လှစ်ထားသည်။ ကျပ်ငွေဖြင့် ငွေစာရင်းလက်ခံမှုကို ပုဂ္ဂလိကဘင်္ဏများနှင့် နိုင်ငံပိုင်ဘဏ် နှစ်ဘဏ်ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့က ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် ပုဂ္ဂလိကဘဏ်ခွဲပေါင်း  ၁၈၀၀ ကျော်ဖွင့်လှစ်ပြီးဖြစ်သည်။

 

Most Read

Most Recent