လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၂၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာတူထက် ဒေါ်လာသန်း ၅၂၀ ကျော်ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၂၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာတူထက် ဒေါ်လာသန်း ၅၂၀ ကျော်ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော် လျော့ကျ
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
Published 16 May 2019
ဇေယျာငြိမ်း

လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာဘီလျံ ၂၀ ကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာတူထက် ဒေါ်လာသန်း ၅၂၀ ကျော် ပိုမိုရရှိခဲ့သည့်အပြင် ကုန်သွယ်မှုလိုငွေမှာလည်း ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ မေ ၃ ရက်အထိ ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၄၉၁ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင်မူ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၉၆၇ ဘီလျံကျော်သာ ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၂၃ ဒသမ ၃၀၉ သန်းအထိ ပိုမိုရရှိထားခြင်းဖြစ်သည်။

ထို့ပြင် လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော်ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ  တစ်ဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

ပြည်ပမှတင်သွင်းထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၆၃ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာတူထက် အမေရိကန်ဒေါ်လာ ၅၂၂ ဒသမ ၅၆၉ သန်းအထိ တင်သွင်းမှုလျော့ကျခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ပြည်ပမှတင်သွင်းထားသည့် သွင်းကုန်ပမာဏ ပိုမိုများနေခြင်းကို ဆိုလိုသည်။

လက်ရှိဘဏ္ဍာနှစ် ခုနစ်လကျော်တွင် ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏနှင့် ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်ပမာဏကို နှိုင်းယှဉ်ကြည့်ပါက သွင်းကုန်တင်သွင်းမှုသည် ပို့ကုန်တင်ပို့မှုထက် အမေရိကန်ဒေါ်လာ ၈၃၄ ဒသမ ၉၆၉ သန်းပိုမိုများ နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ခုနစ်လ ကျော်တွင် ကုန်သွယ်မှုလိုငွေမှာလည်း အမေရိကန်ဒေါ်လာ ၈၃၄ ဒသမ ၉၆၉ သန်းအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ$ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂၁၂ ဘီလျံ ကျော်အထိရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန် ထားသည့်စာရင်းများအရ သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ် လာ ၃၃ ဘီလျံကျော်ရရှိခဲ့ပြီး ကုန်သွယ်မှုလို ငွေမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၃၆ ဘီလျံကျော်အထိ ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် ကြားကာလ ခြောက်လတွင် စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်အထိရရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်အထိ ဖြစ်ပေါ်ခဲ့ကြောင်း  သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလျံရရှိရန်နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလျံ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁ ဘီလျံရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားထားသည်။

အဆိုပါမျှော်မှန်းထားသည့် ပမာဏများ ပြည့်မီရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကာလအတွက် ကျန်ရှိနေသည့် ငါးလခန့်အတွင်း ကုန်သွယ်မှုပမာဏ စုစုပေါင်း ၁၀ ဘီလျံခန့် လို အပ်နေသေးသည်။

ထို့အတူ အဆိုပါကျန်ရှိသည့် ကာလအတွင် ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် တင်ပို့နိုင်ရန်နှင့် သွင်းကုန်ပမာဏမှ အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် တင်သွင်းနိုင်ရန် ကြိုးစားဆောင်ရွက်သွားရ မည်ဖြစ်သည်။                               

Most Read

Most Recent