၂၀၁၈ ခုနှစ် နှစ်လယ်တွင် ပြည်တွင်းဘဏ်များမှ ထုတ်ချေးထားသော ချေးငွေ ပမာဏ ကျပ် ၂၃၂၈၄ ဘီလျံကျော် ရှိပြီး နိုင်ငံပိုင် ဘဏ်များမှ ကျပ် ၃၂၉၆ ဘီလျံကျော်၊ ပုဂ္ဂလိက ဘဏ်များမှ ၁၉၉၈၈ ဘီလျံကျော် ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်အတွက် ပထမဦးဆုံး ထုတ်ပြန်သည့် Quarterly Financial Statistics Bulletin (2018 Volume II) အရ သိရသည်။
၂၀၁၈ ခုနှစ် ဇွန်လ စာရင်းများအရ နိုင်ငံပိုင် ဘဏ်များမှ ထုတ်ချေး ထားသော ချေးငွေ ပမာဏ ကျပ် ၃၂၉၆ ဒသမ ၂၃၇ ဘီလျံ ရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေ ပမာဏမှာ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၂၁၃၀ ဒသမ ၁၁၁ ဘီလျံ၊ ထုတ်လုပ်ရေးကဏ္ဍတွင် ကျပ် ၁၄၀ ဒသမ ၀၂၅ ဘီလျံ၊ ကုန်သွယ်ရေး ကဏ္ဍတွင် ကျပ် ၃၈၄ ဒသမ ၁၇၁ ဘီလျံ၊ ပို့ဆောင်ရေး ကဏ္ဍတွင် ကျပ် ၁၈ ဒသမ ၂၇၄ ဘီလျံ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၁၃၄ ဒသမ ၉၄၆ ဘီလျံ၊ ဝန်ဆောင်မှု ကဏ္ဍတွင် ကျပ် ၁၅၂ ဒသမ ၀၈၁ ဘီလျံ၊ အထွေထွေ ကဏ္ဍတွင် ကျပ် ၃၃၀ ဒသမ ၅၁၁ ဘီလျံ၊ အိမ်ရာချေးငွေ ကဏ္ဍတွင် ကျပ် ၇၁၄ သန်း၊ SME ချေးငွေ ကဏ္ဍတွင် ၅ ဒသမ ၄၀၁ ဘီလျံတို့ ဖြစ်သည်။
၂၀၁၈ ခုနှစ် ဇွန်လ စာရင်းများအရ ပုဂ္ဂလိက ဘဏ်များမှ ထုတ်ချေးထားသော ချေးငွေပမာဏ ကျပ် ၁၉၉၈၈ ဒသမ ၆၉၀ ဘီလျံ ရှိသည်။ ကဏ္ဍအလိုက် ထုတ်ချေးထားသော ချေးငွေ ပမာဏမှာ စိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၃၅၂ ဒသမ ၉၂၅ ဘီလျံ၊ ထုတ်လုပ်ရေး ကဏ္ဍတွင် ကျပ် ၂၀၄၈ ဒသမ ၃၆၅ ဘီလျံ၊ ကုန်သွယ်ရေး ကဏ္ဍတွင် ကျပ် ၆၆၅၈ ဒသမ ၇၂၄ ဘီလျံ၊ ပို့ဆောင်ရေး ကဏ္ဍတွင် ကျပ် ၄၁၅ ဒသမ ၉၃၇ ဘီလျံ၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၃၅၄၄ ဒသမ ၅၆၈ ဘီလျံ၊ ဝန်ဆောင်မှု ကဏ္ဍတွင် ကျပ် ၂၅၄၈ ဒသမ ၇၈၇ ဘီလျံ၊ အထွေထွေ ကဏ္ဍတွင် ကျပ် ၃၀၃၃ ဒသမ ၅၁၁ ဘီလျံ၊ အရစ်ကျ ဝယ်ယူမှုဆိုင်ရာ ချေးငွေတွင် ကျပ် ၄၆၆ ဒသမ ၀၃၆ ဘီလျံ၊ အိမ်ရာချေးငွေ ကဏ္ဍတွင် ကျပ် ၄၂ ဒသမ ၆၅၁ သန်း၊ SME ချေးငွေ ကဏ္ဍတွင် ၈၇၇ ဒသမ ၁၈၀ ဘီလျံ တို့ဖြစ်သည်။
ပုဂ္ဂလိက ဘဏ်များမှာ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ထုတ်ချေးထားသော ချေးငွေ ပမာဏများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် ကျပ် ၁၅၉၃၃ ဒသမ ၆၄၁ ဘီလျံ၊ မန္တလေးတိုင်းဒေသကြီးတွင် ကျပ် ၂၄၄၀ ဒသမ ၀၆၈ ဘီလျံ၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ကျပ် ၁၉၄ ဒသမ ၇၈၀ ဘီလျံ၊ ပဲခူးတိုင်းဒေသကြီးတွင် ကျပ် ၂၃၁ ဒသမ ၄၀၁ ဘီလျံ၊ မကွေးတိုင်းဒေသကြီးတွင် ကျပ် ၁၉၈ ဒသမ ၉၃၂ ဘီလျံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကျပ် ၁၁၂ ဒသမ ၆၈၃ ဘီလျံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျပ် ၂၃၈ ဒသမ ၈၆၄ ဘီလျံ၊ မွန်ပြည်နယ်တွင် ကျပ် ၁၄၃ ဒသမ ၉၇၀ ဘီ လျံ၊ ရှမ်းပြည်နယ်တွင် ကျပ် ၄၃၅ ဒသမ ၅၈၅ ဘီလျံ၊ ကယားပြည်နယ်တွင် ကျပ် ၁၂ ဒသမ ၇၈၉ ဘီလျံ၊ ကရင်ပြည်နယ်တွင် ကျပ် ၉၀ ဒသမ ၃၂၆ ဘီလျံ၊ ရခိုင်ပြည်နယ်တွင် ၅၆ ဒသမ ၈၀၈ ဘီလျံ၊ ကချင်ပြည်နယ်တွင် ကျပ် ၄၉ ဒသမ ၃၇၁ ဘီလျံ၊ ချင်းပြည်နယ်တွင် ကျပ် ၁၆၈ ဒသမ ၆၇ သန်းဖြစ်သည်။
နိုင်ငံပိုင် ဘဏ်များမှ ချေးငွေ ထုတ်ချေးသည့် နည်းလမ်းနှင့် ရယူထားသော အပေါင်အာမခံ အမျိုးအစားများမှာ မြေနှင့် အဆောက်အအုံဖြင့် ကျပ် ၈၀၈ ဒသမ ၄၈၂ ဘီလျံ၊ Personal and Organization Guarantee ဖြင့် ကျပ် ၁၄၂၁ ဒသမ ၃၁၁ ဘီလျံ၊ Unsecure ဖြင့် ကျပ် ၁၀၄၀ ဒသမ ၈၃၀ ဘီလျံ၊ အိမ်ရာချေးငွေ နည်းလမ်းဖြင့် ကျပ် ၇၁၄ ဒသမ ၃၉ သန်း၊ SME ချေးငွေ နည်းလမ်းဖြင့် ကျပ် ၅ ဒသမ ၄၀၁ ဘီလျံတို့ ဖြစ်သည်။
ပုဂ္ဂလိက ဘဏ်များမှ ချေးငွေ ထုတ်ချေးသည့် နည်းလမ်းနှင့် ရယူထားသော အပေါင်အာမခံ အမျိုးအစားများမှာ မြေနှင့် အဆောက်အအုံဖြင့် ကျပ် ၁၆၁၆၁ ဒသမ ၈၅၃ ဘီလျံ၊ ရွှေဖြင့် ကျပ် ၇ ဒသမ ၄၄၂ ဘီလျံ၊ Fixed Deposit ဖြင့် ကျပ် ၁၇၉ ဒသမ ၁၅၉ ဘီလျံ၊ Machine and Merchandise ဖြင့် ကျပ် ၁၂၅ ဒသမ ၀၀၃ ဘီလျံ၊ Personal and Organization Guarantee ဖြင့် ကျပ် ၁၀၀၅ ဒသမ ၀၄၅ ဘီလျံ၊ General ဖြင့် ကျပ် ၁၃၅၃ ဒသမ ၆၄၆ ဘီလျံ၊ Unsecure ဖြင့် ကျပ် ၁၄ ဒသမ ၆၃၅ ဘီလျံ၊ အရစ်ကျ ဝယ်ယူမှုဆိုင်ရာဖြင့် ကျပ် ၅၄၀ ဒသမ ၁၇၇ ဘီလျံ၊ အိမ်ရာချေးငွေ နည်းလမ်းဖြင့် ကျပ် ၄၄ ဒသမ ၅၀၇ သန်း၊ SME ချေးငွေ နည်းလမ်းဖြင့် ကျပ် ၅၅၇ ဒသမ ၂၁၈ ဘီလျံတို့ဖြစ်သည်။