ဒေါ့မွန်အသင်းတိုက်စစ်မှူး အယ်လ်ကာဆာသည် ဘွန်ဒစ်လီဂါပြိုင်ပွဲ သမိုင်းတွင် မိနစ်အလိုက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။
စပိန်တိုက်စစ်မှူး အယ်လ်ကာဆာ (၂၅ နှစ်)သည် ဘွန်ဒစ်လီဂါ (၂၄) ပွဲ (၁ç၀၉၈ မိနစ်) တွင် (၁၈) ဂိုး သွင်းယူထားသည်။
မိနစ်အလိုက်တွက်မည်ဆိုပါက အယ်လ်ကာဆာသည် (၆၁) မိနစ်လျှင် (၁) ဂိုးသွင်းနိုင် ခဲ့ခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါသမိုင်းတွင် အကောင်းဆုံးစွမ်းဆောင်မှုဖြစ်ခဲ့သည်။
ယခင်က ယင်းစံချိန်ကို ပိုင်ဆိုင်ထားသူမှာ ဝုလ်ဖ်ဘတ်တိုက်စစ်မှူးဟောင်း ဂရက်ဖစ်ဖြစ်ပြီး ၂၀၀၈-၀၉ ရာသီက ဘွန်ဒစ်လီဂါတွင် (၇၄.၇) မိနစ်လျှင် (၁) ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
ဂရက်ဖစ်သည် ယင်းရာသီက ဘွန်ဒစ်လီဂါ (၂၅) ပွဲ (၂၀၉၂ မိနစ်) တွင် (၂၈) ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။