ဇာဟာအား ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူရန် အာဆင်နယ်အသင်း ပစ်မှတ်ထားနေ

ဇာဟာအား ပေါင်သန်း (၄၀)ဖြင့် ခေါ်ယူရန် အာဆင်နယ်အသင်း ပစ်မှတ်ထားနေ
Photo: Getty Images
Photo: Getty Images
Published 5 May 2019

အမ်မရီက အာဆင်နယ်အသင်းကို ထိပ်တန်းအသင်းဖြစ်အောင် တည်ဆောက်လိုသည်ဟု ပြောကြားထားပြီး  ဇာဟာကို ခေါ်ယူရန်ပစ်မှတ်ထားနေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ခရစ္စတယ်ပဲလေ့စ်တောင်ပံကစားသမား ဇာဟာအား ပေါင်သန်း (၄၀)ဖြင့်ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

အသက် (၂၆)နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်တောင်ပံကစားသမား ဇာဟာသည် ယခုရာသီပရီးမီးယားလိဂ် (၃၃)ပွဲတွင် (၁၀)ဂိုးသွင်းယူကာ ခြေစွမ်းပြနေသူဖြစ်ပြီး ၄င်းကိုခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများက စိတ်ဝင်စားနေကြသည်။

ထို့ပြင် ဇာဟာကိုယ်တိုင်ကလည်း မိမိအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားလိုသည်ဟု ပြောဆိုထားပြီး လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု ဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် လာမည့်ရာသီတွင်  ချန်ပီယံလိဂ်ဝင်ခွင့်ရရန်အတွက် ကြိုးစားနေပြီး လက်ရှိတွင် ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ရောက်နိုင်ရန် အခြေအနေကောင်းလျက်ရှိသည်။

နည်းပြ အမ်မရီက အာဆင်နယ်အသင်းကို ထိပ်တန်းအသင်းဖြစ်အောင် တည်ဆောက်လိုသည်ဟု ပြောကြားထားပြီး  ဇာဟာကို ခေါ်ယူရန်ပစ်မှတ်ထားနေခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ဇာဟာအပါအဝင် ယခုရာသီပရီးမီးယားလိဂ်တွင် ခြေစွမ်းပြနေသည့် ဘုန်းမောက်တောင်ပံကစားသမား ဖရေဇာကိုလည်း မျက်စိကျနေကြောင်းသိရသည်။

Most Read

Most Recent