စကော့တလန်ပရီးမီးယားလိဂ်တွင် ဆဲလ်တစ်အသင်း (၈)နှစ်ဆက် ဗိုလ်စွဲ

စကော့တလန်ပရီးမီးယားလိဂ်တွင် ဆဲလ်တစ်အသင်း (၈)နှစ်ဆက် ဗိုလ်စွဲ
Photo: Getty Images
Photo: Getty Images
Published 4 May 2019

ဆဲလ်တစ်အသင်းသည် ယနေ့ (စနေနေ့) ကစားခဲ့သည့် ပွဲစဉ်တွင် အဘာဒင်းအသင်းကို အဝေးကွင်း၌ (၃-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၈)နှစ်ဆက်ရယူနိုင်ခဲ့သည်။

ဆဲလ်တစ်အသင်းသည် ယနေ့ (စနေနေ့) ကစားခဲ့သည့် ပွဲစဉ်တွင် အဘာဒင်းအသင်းကို အဝေးကွင်း၌ (၃-၀)ဂိုးဖြင့် အနိုင်ရပြီးနောက် စကော့တလန်ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၈)နှစ်ဆက်ရယူနိုင်ခဲ့သည်။

ဆဲလ်တစ်အသင်းသည် ယနေ့ကစားခဲ့သည့် ပွဲစဉ်တွင် အဘာဒင်းအသင်းကို လူစတင် (၄ဝမိနစ်)၊ စမူနိုဗစ် (၅၃ မိနစ်)၊ အဒိုရက်ဒ် (၈၈ မိနစ်) တို့၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးရန် (၂)ပွဲအလိုတွင် ချန်ပီယံဆုကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆဲလ်တစ်အသင်းသည် အဆိုပါနိုင်ပွဲကြောင့် ဒုတိယနေရာမှ လီဗာပူးလ်ကစားသမားဟောင်း စတီဗင်ဂျရတ်ကိုင်တွယ်နေသည့် ရိန်းဂျားစ်အသင်းထက် တစ်ပွဲပိုကစားကာ (၁၂)မှတ်အကွာဖြင့် ချန်ပီယံဆုကိုရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆဲလ်တစ်အသင်းအတွက် ယခုချန်ပီယံဆုမှာ အသင်းသမိုင်းတစ်လျှောက် အကြိမ် (၅၀)မြောက် ချန်ပီယံဆုဖြစ်သည်။

ဆဲလ်တစ်အသင်းသည် ယခုရာသီတွင်နည်းပြ ဘရန်ဒန်ရော်ဂျာနှင့် ရာသီဝက်အတွင်း လမ်းခွဲခဲ့သော်လည်း နည်းပြနေးလ်လန်နွန်၏ ဦးဆောင်မှုဖြင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို စတော့တလန်လိဂ်ဖလားတွင်လည်း အဘာဒင်းအသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ရကာ ချန်ပီယံဆုကိုရယူနိုင်ခဲ့သည်။

ထို့ပြင် ဆဲလ်တစ်အသင်းသည် စကော့တလန်ဖလားတွင်လည်း ဗိုလ်လုပွဲတက်ရောက်ထားပြီး မေလ (၂၅)ရက်နေ့တွင် မစ်ဒလိုသီရန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

Most Read

Most Recent