ယူရိုပါလိဂ်ပြိုင်ပွဲ၌ အချိန်အကြာဆုံး ရှုံးပွဲမရှိသည့်စံချိန် ချယ်လ်ဆီးရရှိ

ယူရိုပါလိဂ်ပြိုင်ပွဲ၌ အချိန်အကြာဆုံး ရှုံးပွဲမရှိသည့်စံချိန် ချယ်လ်ဆီးရရှိ
Published 4 May 2019

ချယ်လ်ဆီးအသင်းသည် ဖရန့်ဖတ်အသင်းနှင့် တစ်ဂိုးစီသရေကျသည့်ပွဲအပြီး တွင် ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အချိန်အကြာဆုံး ရှုံးပွဲမရှိသည့်အသင်းအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ယင်းပွဲအပါ အဝင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားနိုင်ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဧပြီတွင် ရုရှားကလပ် ရူဘင်ကာဇန်အသင်း  နှင့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲနောက် ပိုင်း ၁၆ ပွဲကစား ၁၄ ပွဲအထိအနိုင်ရကာ နှစ်ပွဲသရေကျထားသည်။ 

ဥရောပဘောလုံး အဖွဲ့ချုပ် (UEFA) သည် ၂၀၀၉-၂၀၁၀ ရာသီမှစ၍ UEFA ဖလားပြိုင်ပွဲကို ယူရိုပါလိဂ်အဖြစ်ပြောင်းလဲကျင်းပခဲ့ပြီး ယင်းအမည်ဖြင့်ကျင်းပပြီးနောက်ပိုင်း ချယ်လ်ဆီးအသင်းက အချိန်အကြာဆုံးအဖြစ် ၁၆ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားခြင်းဖြစ်သည်။ 

ထို့ပြင် ချယ်လ်ဆီးအသင်းနည်းပြ ဆာရီမှာလည်း ယာဂန်ကလော့ပ်၏ ယူရိုပါလိဂ် ၁၄ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို အမီလိုက်နိုင်ခဲ့သည်။

Most Read

Most Recent