ဘွန်ဒစ်လီဂါပွဲစဉ်(၃၂) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၃၂) ပွဲကြိုသုံးသပ်ချက်
Photo : Bundesliga
Photo : Bundesliga
Published 4 May 2019

ဘိုင်ယန်မြူးနစ် နှင့် ဟန်နိုဗာ (စနေည ၈းဝ၀ နာရီ)

ပြိုင်ဘက် ဒေါ့မွန်အသင်း ပွဲကျပ်တွေ့နေမှုက ဘိုင်ယန် အမှတ်ထပ်ဖြတ်နိုင်ဖို့ အခွင့်အရေးပါပဲ။ ဒါပေမဲ့ ဘိုင်ယန်အနေနဲ့ လိုအပ်သလောက် ဂိုးပြတ်သွင်းဖို့မလွယ်ဘူး။

မိုချန်ဂလာဘတ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၈းဝ၀ နာရီ)

မိုချန်ဂလာဘတ်အနေနဲ့ အခုပွဲထပ်ရှုံးရင် ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်လွှတ်ရသလောက် ဖြစ်သွားလိမ့်မယ်။ ဟော်ဖန်ဟင်မ် ခြေပိုကောင်းပေမယ့် အိမ်ရှင် အမှတ်ရနိုင်တယ်။

ဟာသာဘာလင် နှင့် စတုဂတ် (စနေည ၈းဝ၀ နာရီ)

စတုဂတ်ရဲ့အမှတ်လိုအပ်မှုအနေအထားကြောင့် ဟာသာဘာလင်အသင်း နိုင်ပွဲပြန်တွေ့ဖို့မလွယ်သေးဘူး။ စတုဂတ် ဘက်ကပဲ ရပ်တည်သင့်တယ်။ 

ဝုလ်ဖ်ဘတ် နှင့် နုရင်ဘတ် (စနေည ၈းဝ၀ နာရီ)

ဝုလ်ဖ်ဘတ်အနေနဲ့ ဒီပွဲသာအနိုင်ကစားခဲ့ရင် ဥရောပဝင်ခွင့်အတွက် အခြေအနေအတော်ကောင်းသွားလိမ့်မယ်။ နုရင်ဘတ် အမှတ်လိုပေမယ့် ဝုလ်ဖ်ဘတ် အနိုင်သေချာပါတယ်။

၀ါဒါဘရီမင် နှင့် ဒေါ့မွန် (စနေည ၁၁းဝ၀ နာရီ)

နောက်ပိုင်းနှစ်တွေမှာ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲတိုင်း အကြိတ်အနယ်ဖြစ်လေ့ရှိပါတယ်။ ဒေါ့မွန်ဟာ ထိပ်ဆုံးက အသင်းနဲ့ (၂)မှတ်ကွာနေပေမယ့် လက်ကျန်ပွဲတွေမှာ ဘိုင်ယန်အဖို့ လိုက်ပ်ဇစ်၊ ဖရန့်ဖတ်တို့နဲ့ ကစားရဖို့ရှိလို့ မျှော်လင့်ချက်ရှိနေဆဲပါပဲ။ ၀ါဒါဘရီမင်ကတော့ ဘိုင်ယန်ုမြူးနစ်နဲ့(၂)ပွဲဆက်တိုက် ကစားရာမှာ အတန်အသင့်ဒုက္ခပေးနိုင်ပေမယ့် နောက်ဆုံးပွဲမှာ အမှတ်မလိုတဲ့ ဒစ်ဆယ်ဒေါ့ဖ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တယ်။ ဒီအရှုံးကြောင့် ၀ါဒါဘရီမင်ရဲ့ဥရောပဝင်ခွင့်ရည်မှန်းချက်ကို ထိခိုက်ခဲ့ပြီး လက်ကျန်(၂)ပွဲကလည်း ပွဲကျပ်နေလို့ မလွယ်လှပါဘူး။ ဒါပေမဲ့ ဘွန်ဒစ်လီဂါအိမ်ကွင်း(၈)ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ ၀ါဒါဘရီမင်ရဲ့ခြေစွမ်းကိုတော့ အသိအမှတ်ပြုရမယ်။ ၀ါဒါဘရီမင် အမှတ်ရမယ်ထင်တယ်။



 

Most Read

Most Recent