ပရိသတ်နှင့်ခိုက်ရန်ဖြစ်ပွားခဲ့သည့်အသင်းကစားသမား နေမာကို PSG နည်းပြတူဟယ်လ် ဝေဖန်

ပရိသတ်နှင့်ခိုက်ရန်ဖြစ်ပွားခဲ့သည့်အသင်းကစားသမား နေမာကို PSG နည်းပြတူဟယ်လ် ဝေဖန်
Photos: AFP,Fox Sports
Photos: AFP,Fox Sports
Published 1 May 2019

 

PSG အသင်းနည်ပြ တူဟယ်လ်က ဧပြီ ၂၇ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့သော ရန်းစ်အသင်းအား အရေးနိမ့်ခဲ့သည့် ပြင်သစ်ဖလား ဗိုလ်လုပွဲအပြီးတွင် ပရိသတ်တစ်ဦးနှင့်ခိုက်ရန်ဖြစ်ပွားခဲ့သည့် အသင်းတိုက်စစ်မှူး နေမာကို ပြစ်တင်ဝေဖန်ခဲ့သည်။

" ဒီလိုပုံစံမျိုး ကျွန်တော်မကြိုက်ပါဘူး။  အရှုံးတရားနဲ့ရင်ဆိုင်ရပြီးချိန်မှာ ဖြတ်သန်းဖို့ဆိုတာ မလွယ်ပါဘူး။ ဒါဟာ ကျွန်တော့်အ တွက်၊ လူတိုင်းအတွက် အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ အရှုံးကိုတော့ ကျွန်တော်တို့ လက်ခံ ရမှာပါ။ ကျွန်တော်တို့ ရှုံးရင် လေးစားမှုကို ပြသရမယ်။ ပရိသတ်တစ်ဦးနဲ့ ရန်ဖြစ်တာမျိုးတော့ မပြုလုပ်သင့်ပါဘူး" ဟု တူဟယ်လ်က  ပြောကြားခဲ့သည်။

နေမာသည် မန်ယူနှင့်ချန်ပီယံလိဂ်ပွဲ အပြုအမူများကြောင့် သုံးပွဲပယ်ပြစ်ဒဏ်ကျခံထားရပြီး ယခုဖြစ်ရပ်ကြောင့်လည်း ပြင်သစ်ဘောလုံးတာဝန်ရှိသူများ၏ အရေးယူမှု ခံရဖွယ်ရှိနေသည်။

Most Read

Most Recent