ယခုရာသီတွင် (၁၀)ပွဲမြောက် လိဂ်ရှုံးပွဲကြုံခဲ့ပြီးနောက်  ရာသီသာကုန်ဆုံးလိုက်ချင်သည်ဟု ဇီဒန်းပြောကြား 

ယခုရာသီတွင် (၁၀)ပွဲမြောက် လိဂ်ရှုံးပွဲကြုံခဲ့ပြီးနောက်  ရာသီသာကုန်ဆုံးလိုက်ချင်သည်ဟု ဇီဒန်းပြောကြား 
Photos : AFP
Photos : AFP
Published 30 April 2019

ရီးယဲလ်မက်ဒရစ်အသင်းနည်း ပြ ဇီဒန်းသည်  ဗယ်လက်ကာနိုအသင်း အား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ကာ ယခုရာ သီတွင် (၁၀)ပွဲမြောက် လိဂ်ရှုံးပွဲကြုံ တွေ့ခဲ့ပြီးနောက် အသင်း၏လက်ရှိ ခြေစွှမ်းကိုစိတ်ပျက်လျက်ရှိပြီး ရာသီသာကုန်ဆုံးလိုက်ချင်သည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။ 

အဆိုပါပွဲစဉ်တွင် ရီးယဲလ်မက် ဒရစ်အသင်း၏အဓိကတိုက်စစ်မှူး ဘန်ဇီမာပါဝင်နိုင်ခဲ့ခြင်းမရှိဘဲ တန်းဆင်းဇုန်အန္တရာယ်ရှိနေသည့် ဗယ်လက်ကာနိုအသင်းကို ရလဒ်ပိုင်းသာမက ခြေစွမ်းပိုင်းမှာပါ အသာမရခဲ့ခြင်း ဖြစ်သည်။  

ဇီဒန်းက ယင်းပွဲစဉ်တွင် ကစားသမားများထံမှ အသင်းနှင့် ထိုက်တန်သည့် ကြိုးစားအားထုတ်မှု ကို လုံးဝမြင်တွေ့ခဲ့ရခြင်းမရှိဘဲ အလွန် ဆိုးရွားစွာကစားခဲ့ခြင်းဖြစ်ကြောင်း ဒေါသတကြီး ဝေဖန်ပြောကြားခဲ့ သည်။

ဇီဒန်းက '' ဒီနေ့ပွဲမှာ ကျွန်တော်တို့အသင်းဟာ ဘာကြိုးစားအားထုတ်မှုမှ မရှိခဲ့ပါဘူး။ ပွဲအစကနေ အဆုံးအထိ တစ်ဂိုးမှမသွင်းနိုင်ခဲ့သလို အခွင့် အရေးဖန်တီးမှုပိုင်းကလည်း မရှိသလောက်ပါပဲ။ ဒီပွဲက ခြေစွမ်းအတွက် ကျွန်တော်တို့အားလုံး တောင်းပန်ရပါမယ်။ အခုအချိန်မှာ ရာသီကုန်ဆုံးသွားချင်ပါတယ်။ ဒါပေမဲ့ လက်ကျန် (၃)ပွဲရှိနေသေးလို့ အသင်းရဲ့ဂုဏ် သိက္ခာအတွက် ရလဒ်ကောင်းယူနိုင် ဖို့ ကြိုးစားရပါမယ်''ဟု ပြောကြားခဲ့သည်။

ရီးယဲလ်အသင်းသည် ဇီဒန်း လက်ထက်တွင် (၈)ပွဲကစားခဲ့ရာ(၄) ပွဲသာအနိုင်ရခဲ့ကြောင်း သိရသည်။  

ယခုရာသီ ရီးယဲလ်၏ လိဂ်ရှုံးပွဲများ

ဆီဗီလာ        ၃-၀     ရီးယဲလ်

အလာဗတ်စ်         ၁-၀    ရီးယဲလ်

ရီးယဲလ်         ၁-၂     လီဗန်တေး

ဘာစီလိုနာ        ၅-၁    ရီးယဲလ်

အီဘာ         ၃-၀    ရီးယဲလ်

ရီးယဲလ်        ၀-၂    ဆိုစီဒက်

ရီးယဲလ်        ၁-၂    ဟီရိုနာ

ရီးယဲလ်        ၀-၁    ဘာစီလိုနာ

ဗလင်စီယာ         ၂-၁    ရီးယဲလ်

ဗယ်လက်ကာနို    ၁-၀     ရီးယဲလ်

Most Read

Most Recent