နေမာ၏အေးဂျင့်ဖြစ်သူနှင့် ပီရက်ဇ်တို့ မက်ဒရစ်မြို့တွင်တွေ့ဆုံခဲ့

နေမာ၏အေးဂျင့်ဖြစ်သူနှင့် ပီရက်ဇ်တို့ မက်ဒရစ်မြို့တွင်တွေ့ဆုံခဲ့
Photos : Twitter
Photos : Twitter
Published 29 April 2019

PSG အသင်းတိုက်စစ်မှူးဖြစ်သူ နေမာ၏အေးဂျင့်အဖြစ်ဆောင်ရွက်နေသော ဝက်ဂ်နာရီဘီရိုနှင့် ရီးယဲလ် မက်ဒရစ်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်တို့သည် ပြီးခဲ့သည့် ဧပြီ (၂၇)ရက်နေ့က မက်ဒရစ်မြို့တွင်တွေ့ဆုံခဲ့ ကြောင်းသိရသည်။

ဘရာဇီးလ်ဘောလုံးအေးဂျင့်တစ်ဦးဖြစ်သူ ဝက်ဂ်နာရီဘီရိုသည် နေမာ၏အပြောင်းအရွှေ့ကိစ္စရပ်များတွင် အရေးပါသူဖြစ်ပြီး ယခုကဲ့သို့ ပီရက်ဇ်နှင့်တွေ့ဆုံခဲ့ခြင်းကြောင့် နေမာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့၏အပြောင်း အရွှေ့သတင်းများမှာလည်း စောင့်ကြည့်စရာဖြစ်လာခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီ အပြောင်းအရွှေ့တွင် အသင်း၏တိုက်စစ်ပိုင်းကို ထိပ်တန်း တိုက်စစ်မှူးတစ်ဦးဖြင့် အစားထိုးလိုနေပြီး နေမာမှာ ၎င်းတို့၏ ကာလရှည်ပစ်မှတ်လည်းဖြစ်နေသည်။

ထို့ပြင် လက်ရှိအချိန်တွင် နေမာအနေဖြင့် PSG အသင်းတွင် ဒဏ်ရာပြ ဿနာများ၊ ပရိသတ်များနှင့်အဆင်မပြေမှုများကိုကြုံ တွေ့နေရသောကြောင့် လာမည့်နွေရာသီတွင် PSG အ သင်းမှထွက်ခွာတော့မည်ဟုလည်း မီဒီယာများကဖော်ပြနေ ကြသည်။

ရီဘီရိုသည် ၂၀၁၃ ခုနှစ်က နေမာအား ဆန်းတို့စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့စေရာတွင် အရေး ပါခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ နေမာ၏အပြောင်းအရွှေ့များတွင် ပါဝင်ပတ်သက်နေသူလည်းဖြစ်သည်။

ပီရက်ဇ်နှင့်တွေ့ဆုံပြီးနောက် ရီဘီရိုက ၎င်း၏ Twitter စာမျက်နှာတွင် ''ဒီပုဂ္ဂိုလ်ကိုလေးစားမှုအပြည့်ရှိပါတယ်။ ကျွန်တော့်ရဲ့သူရဲကောင်း၊ ကျွန်တော့်ရဲ့ မိတ်ဆွေ၊ ကျွန်တော့်ရဲ့ Presi''ဟု ရေးသားကာ ပီရက်ဇ်နှင့်အတူ အမှတ်တရရိုက်ကူးထားသည့် ဓာတ်ပုံနှင့်တကွတင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ရီဘီရိုက မိမိအနေဖြင့် နေမာအား ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ဖူးကြောင်း ဆိုခဲ့သည်။

Most Read

Most Recent