PSG အသင်းတိုက်စစ်မှူး နေမာနှင့် Diesel အမှတ်တံဆိပ် ပူးပေါင်း၍ အမျိုးသားသုံးရေမွှေးထုတ်လုပ်မည်

PSG အသင်းတိုက်စစ်မှူး နေမာနှင့် Diesel အမှတ်တံဆိပ် ပူးပေါင်း၍ အမျိုးသားသုံးရေမွှေးထုတ်လုပ်မည်
Photos : diesel, AFP
Photos : diesel, AFP
Published 29 April 2019

PSG အသင်း၏ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာသည် Diesel အမှတ်တံဆိပ်နှင့်ပူးပေါင်း၍ အမျိုးသားသုံးရေမွှေးထုတ် လုပ်ရောင်းချမည်ဖြစ်ကြောင်း သိရ သည်။

Diesel အမှတ်တံဆိပ် တန်ဖိုးမြင့်ရေမွှေးကို နာမည်ကျော် ပြင်သစ်အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့် L'Oreal ကုမ္ပဏီက ရောင်းချခြင်းဖြစ်ပြီး နေမာနှင့် သဘောတူညီ မှုရရှိပြီဖြစ်ကြောင်း နှစ်ဖက်စလုံးက အတည်ပြုကြေညာသည်။ 

''ကျွန်တော့်ရဲ့ ပထမဆုံး ရေမွှေးအမှတ်တံဆိပ်ကို @dieselfragrance နဲ့ ပူးပေါင်းထုတ်လုပ်တော့မယ်ဆိုတာ ဂုဏ်ယူစွာနဲ့ ကြေညာချင်ပါ တယ်''ဟု နေမာက Instagram ရှိ Follower ၁၁၄ သန်းကို အသိပေး ပြောကြားသည်။ 

ထို့ပြင် Diesel အမှတ်တံဆိပ်ကလည်း ''ထင်ရှားကျော်ကြားသူတစ်ဦးနဲ့ ပူးပေါင်းထုတ်လုပ်မယ့်ရေမွှေးက ပိုပြီးကျော်ကြားအောင်မြင်မယ့် ရေမွှေးပဲဖြစ်လာမှာပါ။ စောင့်ကြည့်အားပေးကြပါဦး''ဟု ထုတ်ပြန်သည်။

ရေမွှေးထုတ်လုပ်မည့် အသေးစိတ်အချက်များကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ရဲရင့်ပြတ်သားသည့်ရနံ့ဖြင့် ထုတ်လုပ်မည်ဖြစ်ကြောင်း နေမာက WWD ဖက်ရှင်မဂ္ဂဇင်းသို့ ထုတ်ဖော်ပြောကြားသည်။ 

''ကျွန်တော်က ရေမွှေးတစ်ခုကို လန်းဆန်းတက်ကြွမှုရှိစေတာအပြင် နှစ်လိုဖွယ်ကောင်းတာလည်း ဖြစ်စေချင်တယ်။ အဲဒီအရာတွေက ကျွန်တော့်ဘဝရဲ့ အချိန်တိုင်းမှာ ခွန်အား နဲ့ ယုံကြည်မှုတွေဖြစ်စေပါတယ်''ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် L'Oreal၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးကလည်း နေမာ၏ ထူးခြားသောပင်ကို အရည်အသွေးနှင့် ကိုယ်ပိုင်ဟန်များမှာ ကမ္ဘာတစ်ဝန်းရှိ လူငယ်များစွာကို လွှမ်းမိုးနိုင်စွမ်းရှိသောကြောင့် ၎င်းနှင့် လက်တွဲခြင်းဖြစ်ကြောင်း ပြောကြားသည်။

အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် နေမာသည် ဘောလုံးလောက၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားအဖြစ် ယူရိုသန်း ၂၂၀ ဖြင့် စံချိန်တင်ထားသူဖြစ်ပြီး ၂၀၁၈ ခုနှစ် အတွက် Forbes မဂ္ဂဇင်းက ထုတ် ပြန်သည့် ကမ္ဘာတစ်ဝန်းဝင်ငွေအကောင်းဆုံးအားကစားသမား စာရင်းတွင်လည်း ဒေါ်လာသန်း ၉၀ ဖြင့် အဆင့် (၅) နေရာ ရပ်တည်လျက်ရှိကြောင်း သိရသည်။ 

၎င်းသည် PSG အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ်နှင့် အောင်မြင်မှုအပေါ် မူတည်၍ ထပ်မံရရှိသည့်ဆုကြေးများအရ တစ်နှစ်လျှင် ဒေါ်လာ ၇၃ သန်းအထိရရှိနေပြီး စီးပွားရေးလုပ် ငန်းများနှင့်ချုပ်ဆိုထားသည့် စပွန် ဆာစာချုပ်များမှလည်း ဒေါ်လာ ၁၇ သန်းရရှိနေသည်။ 

နေမာသည် Beat Electronics၊ Gillettte၊ Mcdonald's၊ Nike၊ Red Bull စသည့် နာမည်ကြီးအမှတ်တံဆိပ်များနှင့် စပွန်ဆာစာချုပ်များ ချုပ်ဆိုထား သည်။ 

ထို့ပြင် ၎င်းသည် Nike ကုမ္ပဏီကထုတ်လုပ်သည့် Air Jordan တံဆိပ်နှင့်ပူးပေါင်း၍ ကိုယ်ပိုင်ဖိနပ် ထုတ်လုပ်ရောင်းချခွင့်ရထားသည့် ပထမဆုံးဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။

Most Read

Most Recent