သြစတြေးလျ ယူ-၁၉ အမျိုးသမီးအသင်း နည်းပြချုပ် ဂရေးက ပွဲတိုင်းအနိုင်ရလဒ်ဖြင့် ခြေစစ်ပွဲအောင်မြင်လိုကြောင်း ပြောကြားခဲ့သည်။ သြစတြေးလျအသင်းသည် မြန်မာပါဝင်သည့် ခြေစစ်ပွဲအုပ်စု (က) တွင် ပါဝင် နေသည့်အသင်းဖြစ်သည်။
သြစတြေးလျနည်းပြ ဂရေးက " ဒုတိယအဆင့်ခြေစစ်ပွဲမှာ ပွဲတိုင်းအနိုင်ရလဒ်နဲ့ ခြေစစ်ပွဲအောင်ချင်ပါတယ်။ ပထမအဆင့်တုန်းက ပွဲတိုင်းအနိုင်ရခဲ့သလို ဒုတိယအဆင့်မှာလည်း ပွဲတိုင်းအနိုင်ကစားမှာပါ။ အသင်းခြေစွမ်းကို အားရကျေနပ်ပေမဲ့ ရာသီဥတုကြောင့် အကောင်းဆုံး တော့ မကစားနိုင်သေးပါဘူး။ အိမ်ရှင်မြန်မာနဲ့ပွဲမှာလည်း နိုင်ပွဲထပ်ရအောင် ကစားမှာပါ" ဟု ပြောကြားခဲ့သည်။
သြစတြေးလျအသင်းသည် ပထမပွဲတွင် နီပေါအသင်းကို (၁၁-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး အိမ်ရှင်မြန်မာ၊ ဥဇဘက်ကစ္စတန်အသင်းတို့နှင့် ထပ်မံကစားရမည်ဖြစ်သည်။