ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် မန်စီးတီးနှင့် အဲဗာတန်အသင်းတို့သည် လိုင်လီကွင်းလယ်လူ ဆိုမာရီအား ခေါ်ယူရန်ပစ်မှတ်ထားနေကြကြောင်းသိရသည်။
ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် မန်စီးတီးနှင့် အဲဗာတန်အသင်းတို့သည် လိုင်လီကွင်းလယ်လူ ဆိုမာရီအား ခေါ်ယူရန်ပစ်မှတ်ထားနေကြကြောင်းသိရသည်။
ပြင်သစ်သတင်းစာ L'Equipe ၏ဖော်ပြချက်အရ မန်စီးတီးအသင်းသည် အသင်း၏ကွင်းလယ်ပိုင်းကိုအားဖြည့်ရန်အတွက် ဆိုမာရီကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန်စီးတီးအသင်းနှင့် အဲဗာတန်အသင်းတို့မှ ဘောလုံးကင်းထောက်များသည် ယခုရာသီတွင် လိုင်လီအသင်း၏ပွဲစဉ်များကို လာရောက်ကြည့်ရှုလေ့ရှိပြီး ဆိုမာရီ၏ ခြေစွမ်းကိုအကဲခတ်လေ့ရှိကြောင်း သိရသည်။
အသက် (၂၀)နှစ်အရွယ်ရှိ ပြင်သစ်လူငယ်ကွင်းလယ်လူ ဆိုမာရီသည် လူငယ်ကစားသမားဘဝကို PSG အသင်းတွင် စတင်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် လိုင်လီအသင်းသို့ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
ဆိုမာရီသည် လိုင်လီအသင်းအတွက် ယခုရာသီ လီဂူးပြိုင်ပွဲတွင် (၁၈)ပွဲပါဝင်ကစားထားပြီး ဥရောပအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။
ပြင်သစ်သတင်းစာ L'Equipe က ဆိုမာရီမှာ ပေါ့ဘာကဲ့သို့ ကစားသမားမျိုးဖြစ်ကြောင်း သုံးသပ်ထားပြီး လိုင်လီအသင်းက ဆိုမာရီကို အနည်းဆုံး ပေါင် သန်း (၂၀) ရမှာသာ လက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။