စပိန်လာလီဂါပွဲစဉ်(၃၅) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၃၅) ပွဲကြိုသုံးသပ်ချက်
Photo : laliga.es
Photo : laliga.es
Published 27 April 2019

ဘီလ်ဘာအို နှင့် အလာဗတ်စ် (စနေညနေ ၅း၃၀ နာရီ)

ဘီလ်ဘာအိုကတော့ ယူရိုပါလိဂ်ဝင်ခွင့် လက်ကျန်မျှော် လင့်ချက်ကိုဆက်ပြီး အသက်သွင်းနိုင်ဖို့ ကြိုးစားဦးမယ်ထင်ပါတယ်။ အလာဗတ်စ်ကတော့ တဖြည်းဖြည်းအပေါ်ပိုင်းကနေ ပြန်ဆင်းလာလိုက်တာ ဥရောပဝင်ခွင့်မျှော်လင့်ချက်တောင် ခပ်ပါးပါးပဲကျန်တော့မယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲကြိုက်တယ်။

အက်သလက်တီကို နှင့် ဗယ်လာဒိုလစ် (စနေည ၈း၄၅ နာရီ)

တန်းမဆင်းရရေး အစွမ်းကုန်ရုန်းနေပေမယ့် ဗယ်လာဒိုလစ်ရဲ့ လက်ရှိအင်အားနဲ့တော့ မက်ထရိုပိုလီတာနိုမှာ အိမ်ရှင် တီကို ပြုသမျှနုရမယ့်ဘဝမျိုးပါပဲ။ အက်သလက်တီကိုအတွက်က ဘာဖိအားမှမရှိဘဲ လွတ်လွတ်လပ်လပ်ကစားနေနိုင်တဲ့အချိန်ဖြစ်ပြီး အဆင့် (၂)နေရာယူဖို့လည်း ဆန္ဒရှိနေချိန်ဖြစ်တယ်။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

လီဟာနက်စ် နှင့် ဆယ်လ်တာဗီဂို (စနေည ၁၁းဝ၀ နာရီ)

တန်းဆင်းအန္တရာယ်နဲ့ ဝေးရာရောက်ဖို့ ဆယ်လ်တာဗီဂို ရုန်းနေပြီး ရလဒ်ပိုင်းလည်း ပြန်တက်လာပေမယ့် အဝေးကွင်းကစားပုံက စိတ်မချရသေးဘူး။ ဒီတော့ အခုပွဲမှာ အိမ်ကွင်းကစားအားကောင်းတဲ့ လီဟာနက်စ် ဘယ်လောက်အားထည့်မလဲ စောင့်ကြည့်ရမယ်။ လီဟာနက်စ်နဲ့ ဂိုးအများပဲရွေးထားမယ်။

ဘာစီလိုနာ နှင့် လီဗန်တေး (တနင်္ဂနွေနံနက် ၁း၁၅ နာရီ)

ဘာစီလိုနာကတော့ ချန်ပီယံလိဂ်ကို ပိုအာရုံစိုက်မယ့်အချိန်မျိုးဖြစ်နေတယ်။ လာလီဂါဘက်ကိုတော့ သိပ်ပြီးဆိုးဆိုးရွားရွား မဖြစ်သွားရအောင်ဘဲ အဓိကထိန်းကစားနေတဲ့ပုံစံမျိုးပေါ်နေတယ်။ ဒါကြောင့် လာလီဂါဘက်မှာ ဘာစီလိုနာရဲ့ကစားပုံက နိုင်ရုံလောက်ပဲ အားထည့်ကစားနေတဲ့ပုံမျိုးပေါ်နေပြီး အသင်းပွဲထွက်စာရင်းကိုလည်း အပြောင်းအလဲတွေပိုလုပ်လာတယ်။ အခုပွဲကလည်း တစ်ပတ်အတွင်း (၃)ပွဲမြောက်ကစားရမယ့် လာလီဂါပွဲဖြစ်ပြီး ပြီးတာနဲ့ချန်ပီယံလိဂ်မှာ လီဗာပူးလ်နဲ့ကစားရမှာဆိုတော့ ဘာစီလိုနာရဲ့ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲတွေများနေဦးမယ်ထင်တယ်။ လီဗန်တေးကလည်း မထင်မှတ်ဘဲ တန်းဆင်းအန္တရာယ်နဲ့နီးတဲ့အထိ ပြန်ကျဆင်းလာလို့ အခုပွဲတွေက အမှတ်ရအောင် ပြန်ညှစ်ယူနေရတဲ့ကာလဖြစ်တယ်။ ဒါကြောင့် နူးကမ့်မှာဆိုပေမယ့် ဘာစီလိုနာကို အတတ်နိုင်ဆုံး ပြန်တုံ့ပြန်ကစားလာမယ့်ပုံပေါ်နေတယ်။ ဒါပေမဲ့ အဝေးကွင်းပွဲတွေမှာ အနိုင်ရရေးအတွက် တိုက်စစ်ဖွင့်ရင်း ခံစစ်လျော့ပြီးဂိုးတွေပေးနေရတဲ့ အခုနောက်ပိုင်းကစားပုံမျိုးနဲ့တော့ ဘာစီလိုနာကို တောင့်ခံနိုင်ဖို့ မလွယ်လှပါဘူး။ နူးကမ့်မှာတော့ ဘာစီလိုနာနဲ့ ဂိုးအများပဲကောင်းမယ်။