စပါး နှင့် ဝက်စ်ဟမ်း (စနေည ၆းဝ၀ နာရီ)
လန်ဒန်ကလပ်အသင်းအချင်းချင်း ကစားရတဲ့ပွဲဖြစ်တယ်။ ဒါပေမဲ့ အသင်းလိုက်ခြေစွမ်း၊ တစ်ဦးချင်းခြေစွမ်းနဲ့ စိတ်ဓာတ်မာကျောမှု၊ အဆင့်အတန်းကွာပါတယ်။ ဝက်စ်ဟမ်းမှာ စပါးကို ဒုက္ခပေးနိုင်တဲ့ ကစားသမား အင်အားမျိုးရှိပေမယ့် ကွာဟချက်ကတော့ ရှိနေတုန်းပါပဲ။ ဒါ့အပြင် နောက်ပိုင်းပွဲရလဒ်တွေကိုကြည့်ရင် ဝက်စ်ဟမ်းဟာ စပါးကို ဒုက္ခပေးနိုင်မယ့် အနေအထားမှာမရှိပါဘူး။ စပါး နိုင်ပွဲဆက်ပါလိမ့်မယ်။
ခရစ္စတယ်ပဲလေ့စ် နှင့် အဲဗာတန် (စနေည ၈း၃၀ နာရီ)
ခြေစွမ်းကောင်းပြီး၊ မထင်မှတ်တာတွေကို လုပ်ပြလေ့ရှိတဲ့အသင်းနှစ်သင်းရဲ့ပွဲပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဒီနှစ်သင်းက အဆင့် (၄)နေရာအတွက် အမှတ်အသည်းအသန်လိုနေပါတယ်ဆိုတဲ့ အသင်းကြီးနှစ်သင်းကို အလဲထိုးခဲ့ကြတာတွေ့ရတယ်။ လက်ရှိခြေစွမ်းအရ အဲဗာတန်က ပိုအထင်ကြီးစရာကောင်းပေမယ့် ပဲလေ့စ်ရဲ့အိမ်ကွင်းခြေစွမ်းနဲ့ အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့အစဉ်အလာကို ပိုသဘောကျတယ်။
ဖူလ်ဟမ် နှင့် ကာဒစ်ဖ် (စနေည ၈း၃၀ နာရီ)
ဖူလ်ဟမ်က မိုးလွန်မှ ထွန်ချသလိုဖြစ်နေပြီး တန်းဆင်းပြီးမှ ရလဒ်ကောင်းတွေပြန် ယူလာနိုင်တာတွေ့ရတယ်။ ဖြစ်နိုင်တာက ဖိအားမရှိတော့ဘဲ စိတ်လွတ်ကိုယ်လွတ်ကစားခွင့်ရတဲ့ အချိန်ရောက်တော့မှ ပုံစံကောင်းပြန်ရလာတာဖြစ်နိုင်ပြီး ကာဒစ်ဖ်ကိုလည်း ဒုက္ခပေးဦးမှာပဲ။ ကာဒစ်ဖ်က ရုန်းကန်မှာဖြစ်ပေမယ့် ရုန်းကန်တိုင်းလည်း ရလဒ်မကောင်းတတ်ဘူး။ ကာဒစ်ဖ်ရဲ့အဝေးကွင်းရလဒ်ကလည်း အားရစရာမဟုတ်လို့ ဖူလ်ဟမ်ကိုကြိုက်တယ်။
ဆောက်သမ်တန် နှင့် ဘုန်းမောက် (စနေည ၈း၃၀ နာရီ)
ဆောက်သမ်တန်က နယူးကာဆယ်ကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပေမယ့် ပြီးခဲ့တဲ့ပွဲမှာ ဝက်ဖို့ဒ်ဆီကနေ အဝေးကွင်းမှာ တစ်မှတ်ခွဲယူနိုင်ခဲ့တာဟာ မှန်ကန်တဲ့ တုံ့ပြန်မှုလို့ပဲ ပြောရမယ်။ ဘုန်းမောက်ကတော့ ဂိုးပြတ်နိုင်ပြီးနောက် ဖူလ်ဟမ်ကို ပြန်ရှုံးခဲ့ပြီး စိတ်ချရတဲ့ တည်ငြိမ်မှုမျိုးမရှိဘူး။ ဒီပွဲမှာလည်း ခြေစွမ်းပိုကောင်း၊ ရလဒ်ပိုကောင်းပြီး အမှတ်ရဖို့လည်း ပိုလိုအပ်နေတဲ့ ဆောက်သမ်တန်နိုင်ပွဲယူပါလိမ့်မယ်။
ဝက်ဖို့ဒ် နှင့် ဝုလ်ဗ် (စနေည ၈း၃၀ နာရီ)
ဒီနှစ်သင်းတွေ့တဲ့ပွဲတိုင်းကတော့ အကြိတ်အနယ်ပါပဲ။ ဝက်ဖို့ဒ်က ဝုလ်ဗ်ကို FA ဖလားဆီမီးဖိုင်နယ်မှာ သေချာပေါက်ရှုံးပြီဆိုတဲ့အခြေအနေကနေ မိနစ် (၉၀)သရေ၊ ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူထားတဲ့အသင်းပါ။ ခြေစွမ်းကွာဟချက်မရှိသလို၊ နှစ်သင်းစလုံးက မာကျောတဲ့အသင်းတွေလည်းဖြစ်နေတယ်။ ဒါ့အပြင် အဆင့် (၇)နေရာအတွက် အပြိုင်လုရမယ့်အသင်းတွေလည်းဖြစ်တယ်။ သရေကျနိုင်ပြီး အနိုင်ဆိုရင် ဝုလ်ဗ်ပါပဲ။
ဘရိုက်တန် နှင့် နယူးကာဆယ် (စနေည ၁၁းဝ၀ နာရီ)
ဘင်နီတက်ဇ်ရဲ့နယူးကာဆယ်က အမှတ်မလိုတဲ့အသင်းဖြစ်ပေမယ့် လက်ကျန်ပွဲစဉ်တိုင်းကို အာရုံစိုက်ကစားပြီး ရလဒ်ကောင်းဖို့ ကြိုးစားမယ့်အသင်းပါ။ အသင်းရဲ့ ခံယူချက်ရော၊ ခြေစွမ်းပိုင်းပါ မြင့်မားနေတာကိုတွေ့ရတယ်။ နောက်ဆုံးနှစ်ပွဲမှာ လက်စတာကို အဝေးကွင်း၊ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ ဆက်တိုက်အနိုင်ယူခဲ့တဲ့ အရှိန်က ဒီပွဲအထိ ပါလာဦးမှာပါ။ နယူးကာဆယ်ကိုကြိုက်တယ်။