မန်ယူနောက်ခံလူ ဘာယီအားခေါ်ယူရန် လိုင်ယွန်အသင်း စီစဉ်နေ

မန်ယူနောက်ခံလူ ဘာယီအားခေါ်ယူရန် လိုင်ယွန်အသင်း စီစဉ်နေ
Photo: Getty Images
Photo: Getty Images
Published 26 April 2019

အသက် (၂၅) နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်နောက်ခံလူ ဘာယီသည် နည်းပြ ဆိုးလ်ရှားလက်ထက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ၎င်းကို လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ရောင်းထုတ်သွားဖွယ်ရှိနေသည်။ 

ပြင်သစ်ကလပ် လိုင်ယွန်အသင်းသည် မန်ယူအသင်းနောက်ခံလူ ဘာယီအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ အိုင်ဗရီကို့စ်နောက်ခံလူ ဘာယီသည် နည်းပြ ဆိုးလ်ရှားလက်ထက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ၎င်းကို လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ရောင်းထုတ်သွားဖွယ်ရှိနေသည်။ 

ဘာယီအား ခေါ်ယူရန် လိုင်ယွန်အသင်းနှင့်အပြိုင် ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီသည် လာမည့်ရာသီတွင် အသင်း၏ ခံစစ်ပိုင်းအားဖြည့်ရန်အတွက် ဘာယီကို မျက်စီကျနေခြင်းဖြစ်ပြီး လိုင်ယွန်အသင်းကြောင့် အခက်တွေ့ရဖွယ်ရှိနေသည်။ 

ဘာယီသည် ၂၀၁၆ ခုနှစ်၊ ဇွန်လက စပိန်ကလပ် ဗီလာရီးယဲလ်အသင်းမှ မန်ယူအသင်းသို့ ပေါင်သန်း (၃၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

ဘာယီသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၁၇) ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး လိုင်ယွန်အသင်းက ၎င်းကို ပေါင်(၁၅) သန်းဝန်းကျင်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။

ဘာယီသည် မန်ယူအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသော်လည်း အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းအတွက် (၃၄) ပွဲအထိ ကစားထားသူဖြစ်ပြီး အသင်းနှင့်အတူ ၂၀၁၅ အာဖရိကနိုင်ငံများဖလားကို ရယူနိုင်ခဲ့သူဖြစ်သည်။