ဒေါ့မွန်အသင်းနောက်ခံလူ ဒီယဲလ်လိုက စနေနေ့တွင် ကစားမည့် Revierderby တွင် ရှော်လ်ကေးအသင်းအား လျှော့မတွက်ကြရန် အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းနောက်ခံလူ ဒီယဲလ်လိုက စနေနေ့တွင် ကစားမည့် Revierderby တွင် ရှော်လ်ကေးအသင်းအား လျှော့မတွက်ကြရန် အသင်းဖော်များကို သတိပေးပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းသည် ဘွန်ဒစ်လီဂါပွဲစဉ် (၃၀) အပြီးတွင် ရမှတ် (၆၉) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းကို (၁) မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။
ထို့ကြောင့် ဒေ့ါမွန်အသင်းအနေဖြင့် ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းကို နောက်ဆုံးအချိန်အထိ ဖိအားပေးနိုင်ရန် လက်ကျန်ပွဲစဉ်များတွင် အမှားခံ၍ မရသည့် အနေအထားမျိုးသည်။
စနေနေ့တွင် ဒေါ့မွန်အသင်းနှင့် ကစားမည့် ရှော်လ်ကေးအသင်းမှာမူ ယခုရာသီတွင် ရလဒ်များတောက်လျှောက်ဆိုးရွားနေပြီး ရမှတ် (၂၇) မှတ်ဖြင့် အဆင့် (၁၅) နေရာ၌ ရပ်တည်နေပြီး တန်ဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အသင်းဖြစ်သည်။
ထို့ကြောင့် ဒေါ့မွန်အသင်းနောက်ခံလူ ဒီယဲလ်လိုက ရှော်လ်ကေးအသင်းအနေဖြင့် မိမိတို့ကစားရမည့် Revierderby ဒါဘီတွင် အကောင်းဆုံးကြိုးစားလာနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒီယဲလ်လိုက "ရှော်လ်ကေးအသင်းဟာ ကျားနာတစ်ကောင်လို ဖြစ်နေပါတယ်။ ကျွန်တော်တို့နဲ့ ကစားမယ့်ပွဲက ဒီရာသီမှာ သူတို့ကို ကယ်တင်နိုင်မယ့်ပွဲမျိုးဖြစ်ပါတယ်။ Revierderby ပွဲမှာ အနိုင်ရဖို့ သူတို့ အစွမ်းကုန်ကြိုးစားလာပါလိမ့်မယ်။ သတိထားနိုင်မှာ ကျွန်တော်တို့ အဆင်ပြေမှာပါ"ဟု ပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းကွင်းလယ်လူ ဂေါ့ဇီကလည်း ရှော်လ်ကေးအသင်းနှင့် ကစားမည့် Revierderby ဒါဘီပွဲစဉ်မှာ အကြိတ်အနယ်ရှိသည့်ပွဲစဉ်တစ်ပွဲဖြစ်လာမည်ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် အနိုင်ရရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။