မန်စီးတီးအား အနိုင်ယူပြီး FA လူငယ်ဖလားကို လီဗာပူးလ်ယူ-၁၈ အသင်း ဆွတ်ခူး

မန်စီးတီးအား အနိုင်ယူပြီး FA လူငယ်ဖလားကို လီဗာပူးလ်ယူ-၁၈ အသင်း ဆွတ်ခူး
Photo: Getty Images
Photo: Getty Images
Published 26 April 2019

လီဗာပူးလ်ယူ-၁၈ အသင်းသည် FA လူငယ်ဖလားကို ၂၀၀၇ ခုနှစ်က နောက်ဆုံးအကြိမ်  ရရှိခဲ့ခြင်းဖြစ်ပြီး (၁၂) နှစ်အကြာတွင်မှ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ်ယူ-၁၈ အသင်းသည် ၂၀၁၈-၁၉ FA လူငယ်ဖလားဗိုလ်လုပွဲတွင် မန်စီးတီးယူ-၁၈ အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရကာ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သည်။

ဧပြီလ (၂၅) ရက်က ကစားခဲ့သည့် FA လူငယ်ဖလားဗိုလ်လုပွဲတွင် လီဗာပူးလ်ယူ-၁၈ အသင်းနှင့် မန်စီးတီးယူ-၁၈ အသင်းတို့ တွေ့ဆုံခဲ့ပြီး မိနစ် (၉၀) ပြီးဆုံးချိန်အထိ (၁-၁) ဂိုးဖြင့် သရေကျနေခဲ့သည့်အတွက် အချိန်ပိုဆက်ကစားခဲ့သလို အချိန်ပိုတွင်လည်း အရှုံးအနိုင်မပေါ်သဖြင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။

ပယ်နယ်တီအဆုံးအဖြတ်ခံယူရာတွင် လီဗာပူးလ်ယူ-၁၈ အသင်းက (၅-၃) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ်ယူ-၁၈ အသင်းသည် FA လူငယ်ဖလားကို ၂၀၀၇ ခုနှစ်က နောက်ဆုံးအကြိမ်  ရရှိခဲ့ခြင်းဖြစ်ပြီး (၁၂) နှစ်အကြာတွင်မှ ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

FA လူငယ်ဖလားပြိုင်ပွဲတွင် အအောင်မြင်ဆုံးအသင်းမှာ မန်ယူအသင်းဖြစ်ပြီး (၁၀) ကြိမ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေခြင်း ဖြစ်သည်။

ယခုရာသီတွင် ချန်ပီယံဆုကို ရယူနိုင်ခဲ့သည့် လီဗာပူးလ်ယူ-၁၈ အသင်းမှာ FA လူငယ်ဖလားကို (၄) ကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် စတုတ္ထမြောက်အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

■ FA လူငယ်ဖလားတွင် အအောင်မြင်ဆုံးအသင်းများ

မန်ယူ - ၁၀ ကြိမ်

ချယ်လ်ဆီး - ၉ ကြိမ်

အာဆင်နယ် - ၇ ကြိမ်

လီဗာပူးလ် - ၄ ကြိမ်

ဝက်စ်ဟမ်း - ၃ ကြိမ်