လာဇီယိုအသင်းက ကိုပါအီတာလီယာပြိုင်ပွဲမှာ နောက်ဆုံး(၇)နှစ်အတွင်း (၄)ကြိမ်မြောက် ဗိုလ်လုပွဲတက်ရောက်ခဲ့ပါတယ်။
အေစီမီလန်အသင်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ လာဇီယိုအသင်းဟာ ပြီးခဲ့တဲ့ရာသီ ဆီမီးဖိုင်နယ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။
အေစီမီလန်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကို ယော်ကွင်းကော်ရီယာက (၅၈)မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ ၀ါဒါဘရီမင်ကို ဂျာမန်ဖလားမှာလည်း ခက်ခက်ခဲခဲကစားခဲ့ရပြီး လီဝန်ဒေါစကီး(၂ ဂိုး)၊ မူလာတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။
အက်သလက်တီကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့ ဗလင်စီယာကို မိုရာတာ၊ ဂရီးဇ်မန်း၊ ကော်ရီယာတို့ရဲ့ဂိုးတွေနဲ့ အကြိတ်အနယ်ကစားပြီး အနိုင်ယူခဲ့ပါတယ်။
- လာလီဂါပွဲစဉ်(၃၄)ရလဒ်များ
အက်သလက်တီကို ၃-၂ ဗလင်စီယာ
လီဟာနက်စ် ၀-၁ ဘီလ်ဘာအို
အက်စ်ပန်ညို ၁-၁ ဆယ်လ်တာဗီဂို
လီဗန်တေး ၄-၀ ဘက်တစ်
- ကိုပါအီတာလီယာ ဆီမီးဖိုင်နယ်(ဒု-ကျော့)ရလဒ်
အေစီမီလန် ၀-၁ လာဇီယို
(နှစ်ကျော့ပေါင်း ၁-၀ ဂိုးဖြင့် လာဇီယို နိုင်)
- ဂျာမန်ဖလား ဆီမီးဖိုင်နယ်ရလဒ်
၀ါဒါဘရီမင် ၂-၃ ဘိုင်ယန်မြူးနစ်