စပိန်လာလီဂါပွဲစဉ်(၃၄) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၃၄) ပွဲကြိုသုံးသပ်ချက်
Photo: laliga.es
Photo: laliga.es
Published 23 April 2019

ဟူဆကာ နှင့် အီဘာ (ဗုဒ္ဓဟူးနံနက် ဝဝးဝဝ နာရီ)

ရာသီသိမ်းခါနီး ဟူဆကာရဲ့မထူးဇာတ်ခင်းဖွင့်ကစားနေမှုတွေက ပြိုင်ဘက်တွေကို ဖိအားဖြစ်စေတာတော့ တွေ့နေရတယ်။ အခုအီဘာကလည်း အမှတ်သိပ်ရှာစရာမလိုတော့တဲ့ အပြင် အသင်းမှာလည်း ဒဏ်ရာရသူတွေများနေလို့ ဟူဆကာကွင်းမှာ အိမ်ရှင်ရဲ့ဖိအားပေးမှုကို သိပ်ပြီးအပြင်းအထန်တုံ့ပြန်နေမယ့်ပုံမရှိပါဘူး။ အမှတ်ရသလောက်ယူနေတဲ့ ဟူဆကာနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

ဗယ်လာဒိုလစ် နှင့် ဟီရိုနာ (ဗုဒ္ဓဟူးနံနက် ၁းဝဝ နာရီ)

နှစ်သင်းစလုံး တန်းဆင်းအန္တရာယ်စက်ဝိုင်းမှ လွတ်ရာရောက်ဖို့ ရုန်းနေရသေးတယ်။ ဒီလိုပွဲမျိုးမှာ အိမ်ရှင်တွေရဲ့ရုန်း အားကပိုပြင်းထန်တက်ပြီး ဟီရိုနာရဲ့ခြေစွမ်းက အားရစရာသိပ်မရှိလှလို့ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲကြိုက်တယ်။

အလာဗတ်စ် နှင့် ဘာစီလိုနာ (ဗုဒ္ဓဟူးနံနက် ၂းဝဝ နာရီ)

ဘာစီလိုနာကတော့ ချန်ပီယံဖြစ်လုနီးပါး အခြေအနေမျိုးမှာ လာလီဂါထက် ချန်ပီယံလိဂ်ဘက်အတွက် ပြင်ဆင်ထားနိုင်ဖို့ ကြိုးစားလိမ့်မယ်။ လာလီဂါချန်ပီယံဆုအတွက် သေချာမှုရယူထားနိုင်ဖို့ အတိမ်းအစောင်းမရှိအောင် ကစားရမယ့်အချိန်လည်း ဖြစ်နေလို့ ထုံးစံအတိုင်း ဒီပွဲလည်း အလှည့်ကျလူထုတ်ပုံကို အသုံးပြုသွားဦးမှာပါပဲ။ ဒါပေမဲ့ ဟူဆကာနဲ့ပွဲကလိုတော့ လူငယ်အများစု ပွဲထုတ်တာမျိုး လုပ်တော့မယ်မထင်ဘူး။ အလာဗတ်စ်ကလည်း ထိပ်ဆုံး (၄)သင်းစာရင်းဝင်အသင်းကနေ တဖြည်းဖြည်း လျော့ကျလာလိုက်တာ အခုဆိုရင် ယူရိုပါလိဂ်ဝင်ခွင့်အတွက်တောင် မသေချာတော့တဲ့ အခြေအနေမျိုးရောက်နေတယ်။ အဝေးကွင်းပေမယ့် ဘာစီလိုနာနဲ့ ဂိုးအနည်းပဲ ကောင်းမယ်ထင်တယ်။