မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်း နားသည် စပါးအသင်းနှင့်ပွဲ၌ ခြေထောက် ဒဏ်ရာရရှိခဲ့သောကြောင့် မန်ချက်စတာဒါဘီ ပွဲကို လွဲချော်ဖွယ်ရှိနေကြောင်း သိရသည်။
ဒီဘရိုင်းနားသည် ဧပြီ ၂၀ ရက်က စပါး အသင်းနှင့်ပွဲ၌ ဝဲဘက်ခြေထောက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၃၈ မိနစ်မှာပင် လူစားလဲခဲ့ရသည်။
ဒဏ်ရာအခြေအနေကို မစစ်ဆေးရသေးသော်လည်း လာမည့်ပွဲကို လွဲချော် နိုင်ကြောင်း နည်းပြ ဂွါဒီယိုလာက ပွဲအပြီးတွင် ပြောကြားသည်။
''သူနဲ့ရော ဆရာဝန်နဲ့ပါ စကားမပြောရသေးပါဘူး။ ဘယ်လောက်ပြင်းထန်လဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ မနက် ဖြန် (တနင်္ဂနွေ) မှာ အခြေအနေဘယ်လိုရှိ မလဲ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ကျွန်တော် ကတော့ လာမယ့်ပွဲကို သူလွဲချော်မယ်လို့ထင် ပါတယ်''ဟု ၎င်းက ဆိုသည်။
ဒီဘရိုင်းနား သည် ယခုရာသီအစတွင် ယာဘက်ဒူးဒဏ်ရာ ကြောင့် နှစ်လကြာ အနားယူခဲ့ရပြီး နိုဝင်ဘာ တွင် ဝဲဘက်ဒူးဒဏ်ရာထပ်မံရရှိသဖြင့် ရက် သတ္တပတ်ခြောက်ပတ်ကြာ အနားယူခဲ့ရသည်။
၎င်းအနေဖြင့် ယခုဒဏ်ရာကြောင့် ဧပြီ ၂၄ ရက်တွင် မန်ယူအသင်းနှင့်ကစားမည့် အဝေး ကွင်းပွဲကို ထပ်မံလွဲချော်ဖွယ်ရှိနေသည်။