အသင်း၏စွမ်းဆောင်ရည်အတွက် ပရိသတ်များကို ဆိုးလ်ရှား ပြန်လည်တောင်းပန်

အသင်း၏စွမ်းဆောင်ရည်အတွက် ပရိသတ်များကို ဆိုးလ်ရှား ပြန်လည်တောင်းပန်
Photos: AFP
Photos: AFP
Published 22 April 2019

အဲဗာတန် (၄-၀) မန်ယူပွဲအပြီးတွင် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက သူ့အသင်း၏စွမ်းဆောင်ရည် အတွက် ပရိသတ်များကို တောင်းပန်စကား ပြောကြား ခဲ့သည်။ 

ဆိုးလ်ရှားက BBC Sport ရုပ်သံသို့ '' ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကဏ္ဍပေါင်းစုံမှာ အရေးနိမ့်ခဲ့ပါတယ်။ သူတို့ထက်သာတာ ကျွန်တော်တို့မှာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့အသင်းကို အားပေးမှုတွေ လှိုက်လှိုက်လှဲလှဲရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်း မပြနိုင်ခဲ့တာကြောင့် တောင်းပန်ချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

အဲဗာတန်အသင်းအား (၄)ဂိုးပေးခဲ့ရပြီးနောက် ယခုရာသီ မန်ယူအသင်း၏ ပရီးမီးယားလိဂ်ပေးဂိုးမှာ (၄၈)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။ 

မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ပေးဂိုးအများဆုံးအဖြစ် ၁၉၉၉- ၂၀၀၀ နှင့် ၂၀၀၁-၀၂ ရာသီများက (၄၅)ဂိုးအထိပေးခဲ့ရပြီး ယခု ယင်းစံချိန်မှတ်တမ်းကို ကျော်လွန်လာခဲ့သည်။ 

၁၉၇၈-၇၉ ဘောလုံးရာသီ ပထမတန်းပြိုင်ပွဲတွင် ပေးဂိုး (၆၃)ဂိုးပေးခဲ့ရအပြီး နှစ်ပေါင်း(၄၀)အတွင်း ယခုရာသီ မှာ ပေးဂိုးအများဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 

ယင်းနှစ်ပေါင်း(၄၀)အတွင်း ဂိုးအများဆုံးပေးခဲ့ရသည့် ရာသီများမှာ ယခင်ပထမတန်းပြိုင်ပွဲဖြစ်သည့် ၁၉၈၄-၈၅ ရာသီနှင့် ၁၉၈၉-၉၀ ရာသီများက (၄၇)ဂိုးပေးခဲ့ရခြင်းဖြစ်ပြီး ယင်းပေးဂိုးစံချိန်များကိုလည်း ယခုရာသီတွင် ကျော်ဖြတ်ခဲ့သည်။

နှစ်ပေါင်း(၄၀)အတွင်း မန်ယူအသင်း၏ ပေးဂိုးအများဆုံးရာသီများ

      ရာသီ    ပွဲ    ပေးဂိုး    ရပ်တည်မှု

၂၀၁၈-၁၉    ၃၄    ၄၈    အဆင့်(၆)

၁၉၈၄-၈၅    ၄၂    ၄၇    အဆင့်(၄)

၁၉၈၉-၉၀    ၃၈    ၄၇    အဆင့်(၁၃)

၁၉၈၆-၈၇    ၄၂    ၄၅    အဆင့်(၁၁)

၁၉၉၀-၉၁    ၃၈    ၄၅    အဆင့်(၆)

၁၉၉၉-၀၀    ၃၈    ၄၅    ချန်ပီယံ

၂၀၀၁-၀၂    ၃၈    ၄၅    အဆင့်(၃)

၁၉၉၆-၉၇    ၃၈    ၄၄    ချန်ပီယံ

၂၀၁၂-၁၃    ၃၈    ၄၃    ချန်ပီယံ

၂၀၁၃-၁၄    ၃၈    ၄၃    အဆင့်(၇)