ပွဲထွက်စာရင်း ရွေးချယ်မှုနှင့်ပတ်သက်ပြီး ဆိုးလ်ရှားကို ဂယ်ရီနဗီးလ် မေးခွန်းထုတ်

ပွဲထွက်စာရင်း ရွေးချယ်မှုနှင့်ပတ်သက်ပြီး ဆိုးလ်ရှားကို ဂယ်ရီနဗီးလ် မေးခွန်းထုတ်
Photos : AFP, Twitter
Photos : AFP, Twitter
Published 17 April 2019

ဘောလုံးရုပ်သံဝေဖန်သူ ဂယ်ရီနဗီးလ်က ဘာစီလိုနာနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွင် မန်ယူအသင်း၏ ပွဲထွက်စာရင်းရွေးချယ်မှုနှင့်ပတ်သက်ပြီး အသင်းဖော်ဟောင်းလည်းဖြစ်သူ မန်ယူနည်းပြ ဆိုးလ်ရှားကို မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။

ဆိုးလ်ရှားသည် ယင်းပွဲ၏ ညာနောက်ခံလူနေရာတွင် ဒါလော့ကို မသုံးဘဲ ခံစစ်အတွင်းလူဖြစ်သည့် လင်ဒီလော့ဖ်ကို ကစားခိုင်းခဲ့ခြင်းဖြစ်သည်။

ယခင်ပွဲများတွင် ညာနောက်ခံနေရာ၌ ပွဲအများဆုံးကစားခဲ့သည့် ၀ါရင့်ကစားသမား အက်ရှ်လေယန်းမှာမူ လုခ်ရှော ပွဲပယ်ခံထားရသဖြင့် ဘယ်နောက်ခံနေရာတွင် ပြောင်းလဲကစားခဲ့သည်။

ဂယ်ရီနဗီးမှာ ဆိုးလ်ရှား၏ ခံစစ်လူရွေးချယ်မှုနှင့်ပတ်သက်ပြီး အံ့အားသင့်ရကြောင်း ပွဲမတိုင်မီကတည်းက ဝန်ခံထားသူဖြစ်သည်။

'' ရှေ့မှာ ၆ ယောက်ကစားတာ မအံ့သြပါဘူး။ ရှေ့ ၆ ယောက်က မြန်နှုန်းမြင့်ရွေ့လျားမှုတွေနဲ့ ကစားရမှာဖြစ်လို့ လူကာကူ၊ မာတစ်တို့ကို ပွဲထွက်မကစားခိုင်းလောက်ဘူးလို့ အစောကတည်းက တွေးထားခဲ့ပါတယ်။ ကျွန်တော် အံ့အားသင့်ရတာက နောက်တန်း ၄ ယောက်ပါပဲ။ ညာနောက်ခံနေရာမှာ ဒါလော့ ကစားလိမ့်မယ်လို့ တွေးထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ပိုပြီးရွေ့လျားကစားနိုင်တယ်။ လင်ဒီလော့ဖ် ညာနောက်ခံနေရာမှာ ကစားတာ သိပ်မတွေ့ဖူးပါဘူး။ ဒါပေမဲ့ သူ ဒီနေရာမှာ ကစားခဲ့ဖူးတယ်လို့တော့ သိပါတယ်။ ခံစစ်အစွန်တစ်ယောက်အနေနဲ့ တာဝန်ယူရတဲ့ ဧရိယာကျယ်ပြန့်ပြီး ချိန်ကားကိုက်လှုပ်ရှားနိုင်ဖို့ လိုပါတယ်။ ဒီနေရာမှာကစားရတာ သူ့အတွက်တော့ စိန်ခေါ်မှုကြီးမားပါတယ်။ ကျွန်တော်ကတော့ သူ့ကို အဲဒီနေရာမှာ အမှန်တကယ် မကစားခိုင်းချင်ပါဘူး'' ဟု ဂယ်ရီနဗီးလ်က beIN Sports သို့ ပြောကြားခဲ့သည်။

Most Read

Most Recent