တပ်မတော်သားများ မဲပေးခဲ့သည့် မြို့နယ်များအနက် မြို့နယ် ၂၅ မြို့နယ်တွင် မဲမသမာမှု ဖြစ်စေနိုင်သည့် မဲစာရင်း ၅၂၀၀၀၀ ကျော်တွေ့ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက နဝမအကြိမ်အဖြစ် ဇန်နဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် တပ်မတော်သားများ ဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစိစစ်မှုများကို ပြုလုပ်ခဲ့ရာတွင် စိစစ်ပြီးသည့် မြို့နယ်များ၏ စိစစ်တွေ့ရှိချက်အား ရှစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ၊ စိစစ်တွေ့ရှိချက်များသည် သာမာန်အားဖြင့် မသိနိုင်သည့် ထပ်နေသော မဲစာရင်းများနှင့် အထောက်အထားဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော မဲစာရင်းများဖြစ်ကြောင်း ရရှိသည့် မဲစာရင်းများကို အခြေခံ၍ စိစစ်တွေ့ရှိချက်များကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။
နဝမအကြိမ် ထုတ်ပြန်သည့် မြို့နယ် ၂၅ မြို့နယ်စာရင်းတွင် မောက်မယ်မြို့နယ်၊ လဲချားမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ရှားတော၊ သာပေါင်း၊ ဓနုဖြူ၊ ညောင်တုန်း၊ ညောင်ဦး၊ မတ္တရာ၊ ကျောက်ဆည်၊ ဘီးလင်း၊ ကျိုက်ထို၊ စစ်တွေ၊ ဂွ၊ လားရှိုး၊ ဟိပန်၊ ကျောက်မဲ၊ နမ္မတူ၊ မိုးကောင်း၊ မိုင်းတုံ၊ မံစီ၊ ပူတာအို၊ မှော်ဘီ၊ ရန်ကင်း မြို့နယ်တို့ ပါဝင်ကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၉၈၅၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၉၀၈ ၊ စုစုပေါင်း ၃၈၉၃ မဲ၊ လဲချားမြို့နယ်တွင် မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၆၆၇၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၉၃၉၉၊ စုစုပေါင်း ၁၀၀၆၆ မဲ၊ ဖရူဆိုမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၉၀၆၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၇၅ ၊ စုစုပေါင်း ၁၀၈၁ မဲ၊ မယ်စဲ့မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၉၆ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၄၆ ၊ စုစုပေါင်း ၁၄၂ မဲ၊ ရှားတောမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၄၂ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၇၊ စုစုပေါင်း ၁၇၉ မဲ ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ သာပေါင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၃၅၀၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၈၇၄၂ ၊ စုစုပေါင်း ၃၀၀၉၂ မဲ၊ ဓနုဖြူမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၇၈၄၂ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၆၁၇၉ ၊ စုစုပေါင်း ၃၄၀၂၁ မဲ၊ ညောင်တုန်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၂၈၈၆၆ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၂၈၀၃ ၊ စုစုပေါင်း ၄၁၆၆၉ မဲ၊ ညောင်ဦးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၈၆၇၉ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၉၉၉ ၊ စုစုပေါင်း ၂၆၆၇၈ မဲ၊ မတ္တရာမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၆၂၇၃ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၂၀၀၄ ၊ စုစုပေါင်း ၄၈၂၇၇ မဲ၊ ကျောက်ဆည်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၅၀၉၉ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၄၀၆၁ ၊ စုစုပေါင်း ၂၉၁၆၀ မဲ တို့ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဘီးလင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၂၁၀၉ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၈၄၅၃ ၊ စုစုပေါင်း ၃၀၅၆၂ မဲ၊ ကျိုက်ထိုမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၅၁၉၄ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၀၁၀၄ ၊ စုစုပေါင်း ၃၅၂၉၈ မဲ၊ စစ်တွေမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၂၅၅၅ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၁၈၃၄ ၊ စုစုပေါင်း ၃၄၃၈၉ မဲ၊ ဂွမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၅၇၁၁ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၄၆၈ ၊ စုစုပေါင်း ၁၃၁၇၉ မဲ တို့ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၁၇၀၈ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၅၂၉၁၂ ၊ စုစုပေါင်း ၆၄၆၂၀ မဲ၊ ဟိုပန်မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၇၇၃ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၆၂၇ ၊ စုစုပေါင်း ၄၄၀၀ မဲ၊ ကျောက်မဲမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၈၈၃၅ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၀၃၉၁ ၊ စုစုပေါင်း ၂၉၂၂၆ မဲ တို့ဖြစ်ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၄၄၀ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၂၉၅ ၊ စုစုပေါင်း ၅၇၃၅ မဲ၊ မိုးကောင်းမြို့နယ်တွင် မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၇၃၅၉ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၇၄၃၃ ၊ စုစုပေါင်း ၁၄၇၉၂ မဲ၊ မိုင်းတုံမြို့နယ် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၄၅၃ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၂၄၆၉ ၊ စုစုပေါင်း ၁၃၉၂၂ မဲ၊ မံစီမြို့နယ်တွင် မဲမသမာမှု ပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၂၆၃၂ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၃၅၉၂ ၊ စုစုပေါင်း ၆၂၂၄ မဲ၊ ပူတာအိုမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၄၈၁၅ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၇၄၈ ၊ စုစုပေါင်း ၆၅၆၃ မဲ တို့ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မှော်ဘီမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်း ၁၄၃၂၆ ၊ မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၂၆၃၃၉ ၊ စုစုပေါင်း ၄၀၆၆၅ မဲ၊ ရန်ကင်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၇၉၉ ၊ မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၉၇၆ ၊ စုစုပေါင်း ၃၇၇၅ မဲ တို့ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ မြို့နယ် ၂၅ မြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း ၅၂၈၆၀၈ ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။















