၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ရုရှားနိုင်ငံအပေါ် လူအများ၏အမြင်ကိုပြောင်းလဲသွားစေသည်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ပြောကြား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ရုရှားနိုင်ငံအပေါ် လူအများ၏အမြင်ကိုပြောင်းလဲသွားစေသည်ဟု ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ပြောကြား
Published 16 July 2018

 

Photos: AFP

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားနိုင်ငံအပေါ် လူအများ၏အမြင်ကို ပြောင်းလဲသွားစေသည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သော ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ တစ်ရက်အလိုက ပြုလုပ်ခဲ့သော ကမ္ဘာ့ဖလားအခမ်းအနားတစ်ခု၌ အင်ဖန်တီနိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Bolsio ပြဇာတ်ရုံ၌ ပြုလုပ်ခဲ့သော ယင်းအခမ်းအနားသို့ ရုရှားသမ္မတ ပူတင် လည်း တက်ရောက်ခဲ့ပြီး အင်ဖန်တီနိုက ပူတင်နှင့်အတူ ယှဉ်တွဲပြီးနောက် ပရိသတ်များကို ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ အင်ဖန်တီနိုက " ဒီကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရုရှားနိုင်ငံအပေါ် လူတွေရဲ့အမြင်တွေကို ပြောင်းလဲစေတဲ့ပြိုင်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အတူတကွ ပူးပေါင်းပြီး အကောင်းဆုံးပြိုင်ပွဲတစ်ခုကို ကျင်းပပေးနိုင် ခဲ့ပါတယ်" ဟု ပြောကြားခဲ့ပြီး၊ ဘေးနားတွင်ရှိနေသော ပူတင်က " ခင်ဗျားရဲ့ကြင်နာမှုအပြည့်ရှိတဲ့စကားတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ် ဖီဖာဥက္ကဋ္ဌ ခင်ဗျား" ဟု ပြန်လည်ပြောကြားခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီက ရုရှားနိုင်ငံ၏ နိုင်ငံရေးဖိနှိပ်မှုများ၊ လူမျိုးရေးခွဲခြားဆက်ဆံမှုများ၊ လူရမ်းကားပြဿနာများ၊ အကြမ်းဖက်အန္တရာယ်ခြိမ်း ခြောက်ခံရမှုများကြောင့် ယင်းပြိုင်ပွဲအပေါ် စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။ သို့သော် တစ်လကြာကျင်းပခဲ့သည့် ယင်းပြိုင်ပွဲတွင် ကြီးမားသည့်ပြဿနာ မပေါ်ပေါက်ခဲ့ဘဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ခဲ့သည့်အပြင် ပြိုင်ပွဲလာပရိသတ်များအတွက် ပြည့်စုံအောင် ဆောင်ရွက်ထားရှိနိုင်မှုတို့ကြောင့် ရုရှားတာဝန်ရှိသူများမှာ ချီးကျူးမှုများကို ခံခဲ့ရသည်။

ရုရှားသို့ လာရောက်ကြသော ကမ္ဘာ့တစ်ဝှမ်းမှ ပရိသတ်များကလည်း ရုရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍအသီးသီး၌ ဆောင်ရွက်ထားမှုများကို လူမှုကွန်ရက်စာမျက်နှာများတွင် အကောင်းမြင်စွာဖြင့် ရေးသားခဲ့ကြသည်။ ရုရှားနိုင်ငံအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ခရီးသွားလုပ်ငန်းမှာ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး လာမည့်ခရီးသွားနှစ်တွင် ယခင်ကထက် လာရောက်လည်ပတ်သူ (၁၅%) ခန့် တိုးတက်လာနိုင်ကြောင်းလည်း ဒုဝန်ကြီးချုပ် ဂိုလိုဒက်စ်က ခန့်မှန်းပြောကြားခဲ့သည်။

သို့သော် ပူတင်က ရုရှားနိုင်ငံအတွင်းသို့ ဗီဇာမပါဘဲ ပရိသတ် ID ဖြင့် ဝင်ရောက်လာသော ပရိ သတ်များအနေဖြင့် ပြိုင်ပွဲပြီးဆုံးချိန်တွင် ရုရှားနိုင်ငံအတွင်း၌ ဆက်လက်မနေထိုင်ဘဲ မိမိတို့နိုင်ငံများသို့ ရှော ရှောရှူရှူပြန်ကြရန် မိမိတိုက်တွန်းလိုသည်ဟုလည်း ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။ ထို့ပြင် ပူတင်က ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတော့မည်ဖြစ်၍ မိမိအနေဖြင့် ကြေကွဲဝမ်းနည်းသလို ခံစားရကြောင်း၊ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မိမိတို့နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ပေးသည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

ရုရှား အစိုးရသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အမေရိ ကန်ဒေါ်လာ (၁၄) ဘီလီယံကျော် သုံးစွဲခဲ့ပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက်တွင် ငွေကြေးအများဆုံးသုံးစွဲသည့်ပြိုင်ပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယင်းနေ့က ပြုလုပ်ခဲ့သော အခမ်းအနားကို တက်ရောက်သူများထဲတွင် ဘရာဇီးလ် ဂန္ထဝင် ရော်နယ်လ်ဒို၊ ပြင်သစ်ဂန္ထဝင် ဒက်ဆယ်လီတို့ကဲ့ သို့ နာမည်ကျော်ဘောလုံးသမားများစွာ ပါဝင်ခဲ့သည်။

Most Read

Most Recent