ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်အား ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့် ချီးကျူး

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်အား ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့် ချီးကျူး
Published 15 July 2018

Photo: Mirror

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် တွေ့ဆုံမည့် ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ကို ချီးကျူးပြောကြားခဲ့သည်။

မိုဒရစ်သည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြကစားနေပြီး သမိုင်းတစ်လျှောက် ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးထားနိုင်ခဲ့သည်။

ဒေးရွှမ့်က "မိုဒရစ်ဟာ ပွဲအပေါ် လွှမ်းမိုးနိုင်တဲ့ အထင်ကြီးစရာ ကစားသမားတစ်ဦးပါ။ ဘောလုံးနဲ့ ပတ်သက်တဲ့အရာအားလုံးကို သူ ကောင်းကောင်း သိပါတယ်။ သူက ဂိုးတွေ သွင်းနိုင်တယ်။ ဘောလုံးပေးပို့မှုတွေ လုပ်နိုင်တယ်။ ဂိုးဖန်တီးပေးမှုတွေ လုပ်နိုင်တယ်။ အရမ်းလည်း ကြိုးစားတယ်"ဟု ပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ယနေ့ည(တနင်္ဂနွေ)တွင် ကစားမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားနေပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားကို ရယူနိုင်မည်ဟု မီဒီယာများက သုံးသပ်နေကြသည်။

ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်ကလည်း ၎င်းတို့အသင်းအနေဖြင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent