ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရေးကိုသာ စိတ်ဝင်စားကြောင်း မိုဒရစ် ပြောကြား

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရေးကိုသာ စိတ်ဝင်စားကြောင်း မိုဒရစ် ပြောကြား
Published 15 July 2018

Photo: Getty Images

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်က Ballon d'Or ဆုရဖွယ်ရှိသည်ဟု ပြောဆိုနေမှုများကို ပယ်ချခဲ့ပြီး ကမ္ဘာ့ဖလားရရှိရေးအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးထားသည့် မိုဒရစ်သည် ရော်နယ်လ်ဒိုနှင့် မက်ဆီတို့ကို ကျော်ကာ Ballon d'Or ဆုကို ရဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြနေကြသည်။

မိုဒရစ်က "ကျွန်တော်ကတော့ အသင်းနဲ့အတူ အောင်မြင်မှုရဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ Ballon d'Or ဆုအတွက် စိန်ခေါ်နိုင်သူဖြစ်ခွင့်ရတာ ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းဆုတံဆိပ်ကို ကျွန်တော် ဂရုမစိုက်ပါဘူး။
ခရိုအေးရှားအသင်းကို ကျွန်တော် ကမ္ဘာ့ဖလားရစေချင်ပါတယ်။ တခြားဟာတွေကတော့ အပိုဆုပေါ့ဗျာ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် မိုဒရစ်က ပြင်သစ်အသင်းနှင့် ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲစဉ်တွင် ယခင်ပွဲစဉ်များတွင် ကစားခဲ့သည့် စိတ်ဓာတ်အတိုင်း ကစားသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့ဖလားကိုသာ ရရှိခဲ့ပါက ခရိုအေးရှားပရိသတ်များအားလုံး
ရည်ရွယ်သွားမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

မိုဒရစ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် နောက်ဆုံးကစားခဲ့သည့် ဗိုလ်လုပွဲစဉ် (၁၀)ပွဲတွင် ပွဲတိုင်း အနိုင်ရခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent