၁၉၈၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှစ၍ အင်တာမီလန်နှင့် ဘိုင်ယန်မြူးနစ်ကစားသမား အနိမ့်ဆုံးတစ်ဦးစီပါဝင်

၁၉၈၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှစ၍ အင်တာမီလန်နှင့် ဘိုင်ယန်မြူးနစ်ကစားသမား အနိမ့်ဆုံးတစ်ဦးစီပါဝင်
Published 14 July 2018

၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ မှစ၍ စီးရီးအေကလပ် အင်တာမီလန်နှင့် ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှ အနည်းဆုံးကစားသမားတစ်ဦးစီ ပါဝင်ခွင့်ရ ခဲ့ကြောင်း သိရသည်။

ယင်းမှတ်တမ်းကို ESPN သတင်းဌာန က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၂ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်တာမီလန်သုံးဦး၊ ဘိုင်ယန်မြူး နစ်မှ သုံးဦး၊ ၁၉၈၆ ပြိုင်ပွဲတွင် အင်တာမီလန်မှ တစ်ဦး၊ ဘိုင်ယန်မြူးနစ်မှ သုံးဦး၊ ၁၉၉၀ ပြိုင်ပွဲ တွင် အင်တာမီလန်မှ သုံးဦး၊ ဘိုင်ယန်မြူးနစ်မှ လေးဦး၊ ၁၉၉၄ ပြိုင်ပွဲတွင် အင်တာမီလန်မှ တစ်ဦး၊ ဘိုင်ယန်မြူးနစ်မှ တစ်ဦး၊ ၁၉၉၈ ပြိုင် ပွဲတွင် အင်တာမီလန်မှ နှစ်ဦး၊ ဘိုင်ယန်မြူးနစ် မှ တစ်ဦး၊ ၂၀၀၂ ပြိုင်ပွဲတွင် အင်တာမီလန်မှ တစ်ဦး၊ ဘိုင်ယန်မြူးနစ်မှ လေးဦး၊ ၂၀၀၆ ပြိုင်ပွဲတွင် အင်တာမီလန်မှ တစ်ဦး၊ ဘိုင်ယန် မြူးနစ်မှ တစ်ဦး၊ ၂၀၁၀ ပြိုင်ပွဲတွင် အင်တာ မီလန်မှ တစ်ဦး၊ ဘိုင်ယန်မြူးနစ်မှ နှစ်ဦး၊ ၂၀၁၄ ပြိုင်ပွဲတွင် အင်တာမီလန်မှ တစ်ဦး၊ ဘိုင်ယန်မြူးနစ်မှ ခုနစ်ဦး ပါဝင်ခွင့်ရခဲ့သည်။

၂၀၁၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင်လည်း အင် တာမီလန်အသင်းမှ နှစ်ဦး (ခရိုအေးရှားကွင်း လယ်လူ ဘရိုဇိုဗစ်နှင့် ပါရီဆစ်)၊ ဘိုင်ယန် မြူးနစ်အသင်းမှ တစ်ဦး (ပြင်သစ်ကွင်းလယ် လူ တိုလစ်ဆို) တို့ ပါဝင်နေသည်။

အင်တာမီလန်

၁၉၈၂ - ဘာဂိုမီ၊ အော်ရီရယ်လီ၊ အယ်တိုဘယ်လီ(အီတလီ)

၁၉၈၆ - ရူမင်နစ်ဂီ(အနောက်ဂျာမနီ)

၁၉၉၀ - ဘရေမီ၊ ကလင်းစမန်း၊ လိုသာမားသီးယက်စ်(အနောက်ဂျာမနီ)

၁၉၉၄ - နီကိုလာဘာတီ(အီတလီ)

၁၉၉၈ - ယော်ကာအက်ဖ်(ပြင်သစ်)၊ ရော်နယ်လ်ဒို(ဘရာဇီးလ်)

၂၀၀၂ - ရော်နယ်လ်ဒို(ဘရာဇီးလ်)

၂၀၀၆ - မာတာရာဇီ(အီတလီ)

၂၀၁၀ - ဆနိုက်ဒါ(နယ်သာလန်)

၂၀၁၄ - ပလာစီယို(အာဂျင်တီးနား)

၂၀၁၈ - ဘရိုဇိုဗစ်၊ ပါရီဆစ်(ခရိုအေးရှား)

ဘိုင်ယန်မြူးနစ်

၁၉၈၂ - ရူမင်နစ်ဂီ၊ ပေါလ်ဘရစ်တနာ၊ ဒရမ်းလာ(အနောက်ဂျာမနီ)

၁၉၈၆ - လိုသာမားသီးယက်စ်၊ ဒီယက်တာဟိုးနက်စ်၊ နော်ဘတ်အီဒါ(အနောက်ဂျာမနီ)

၁၉၉၀ - အော်ဂန်သာလာ၊ ယာဂန်ခိုလာ၊ စတီဖင်ရိုက်တာ၊ လိုသာမားသီးယက်စ်(အနောက်ဂျာမနီ)

၁၉၉၄ - ယော်ဂင်ဟို(ဘရာဇီးလ်)

၁၉၉၈ - လီဇာရာဇူ (ပြင်သစ်)

၂၀၀၂ - အိုလီဗာခန်း၊ ယန်ကာ၊ လင့်ခ်၊ ဂျရမီးစ်(ဂျာမနီ)

၂၀၀၆ - ဆစ်ညော(ပြင်သစ်)

၂၀၁၀ - ရော်ဘင်၊ ဘွန်းမဲလ်(နယ်သာလန်)

၂၀၁၄ - နော်ယာ၊ ဖိလစ်လမ်း၊ ဘိုတန်၊ ရှဝိုင်းစတိုင်ဂါ၊ ကရို့စ်၊ မူလာ၊ ဂေါ့ဇီ(ဂျာမနီ)

၂၀၁၈ - တိုလစ်ဆို(ပြင်သစ်)

 

Most Read

Most Recent