အသင်းလိုက်ပုံစံဖြင့် မကစားပါက ဘရာဇီးလ်နှင့် ပွဲတွင် ရလဒ်ကောင်းလိမ့်မည်မဟုတ်ဟု ကွန်ပနီ သတိပေး

အသင်းလိုက်ပုံစံဖြင့် မကစားပါက ဘရာဇီးလ်နှင့် ပွဲတွင် ရလဒ်ကောင်းလိမ့်မည်မဟုတ်ဟု ကွန်ပနီ သတိပေး
Published 5 July 2018

မန်စီးတီးအသင်း၏ ဘယ်လ်ဂျီယံလက်ရွေး စင်နောက်ခံလူ ကွန်ပနီက မိမိတို့အသင်းအနေ ဖြင့် ဘရာဇီးလ်အသင်းနှင့်ရင်ဆိုင်ရမည့် ကွာတားဖိုင်နယ်ပွဲစဉ်တွင် အသင်းလိုက်ပုံစံဖြင့်မကစားဘဲ တစ်ဦးချင်းစွမ်းရည်ဖြင့် ကစားမည်ဆိုပါက ရလဒ်ကောင်းရယူနိုင်လိမ့်မည်မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

Photo : Getty Images

 

ကွန်ပနီက '' ဘရာဇီးလ်နဲ့ကစားမယ့်ပွဲမှာ ကျွန်တော်တို့အနေနဲ့ တစ်ဦးချင်းစွမ်းရည်ပြပြီး ကစားကြမယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးရှိမှာမဟုတ်ပါဘူး။ အသင်းလိုက်ပုံစံနဲ့စုစည်းမှုရှိရှိကစားမှသာ ဘရာဇီးလ်လိုအသင်းကို ကျော်ဖြတ်နိုင်မှာပါ။ အဲဒီအတွက်လည်း ပြင်ဆင်လေ့ကျင့်နေပါတယ်''  ဟု ပြောကြားခဲ့သည်။

 

ယင်းပွဲစဉ်တွင် ဟန်ဆောင်လှဲချမှုများကြောင့်ေ၀ ဖန်ခံနေရသည့် ဘရာဇီးလ်တိုက်စစ်မှူး နေမာနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းခဲ့ရာ ကွန်ပနီက '' အဲဒီပွဲမှာ နေမာ ပါဝင်ကစားရင်လည်း ကျွန်တော်တို့အတွက် ပြဿနာမရှိပါဘူး။ အဓိကကတော့ ကျွန်တော်တို့စုစုစည်းစည်းနဲ့ ကစားသွားဖို့ပါပဲ'' ဟု ဆက်လက်ပြောကြားခဲ့ကြောင်းသိရသည်။ ဘယ်လ်ဂျီယံအသင်းသည် ပြီးခဲ့သည့် ဂျပန်အသင်းနှင့်ပွဲစဉ်တွင် တစ်ဦးချင်းစွမ်းရည်ဖြင့် အား ပြုကစားခဲ့ရာ အနိုင်ရရန်ရုန်းကန်ခဲ့ရသောကြောင့် ကွန်ပနီက ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းလည်းဖြစ်သည်။