ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် မန်စီးတီးကစားသမား အများဆုံးပါဝင်

ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် မန်စီးတီးကစားသမား အများဆုံးပါဝင်
Published 5 July 2018

 

Photo: Marca

ရုရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် မန်စီးတီးအသင်းမှ ကစားသမားအများဆုံး ပါဝင်နေကြောင်း သိရှိရသည်။ မန်စီးတီးအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ကစားသမား(၁၆)ဦးအထိ စေလွှတ်ခဲ့ရပြီး ကွာတားဖိုင်နယ်ရောက်ရှိသည့် ယခုအချိန်တွင် ကစားသမား(၁၁)ဦးအထိ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ကြောင်း သိရှိရသည်။ ကွန်ပနီ၊ ဒီဘရိုင်းနား(ဘယ်လ်ဂျီယံ)၊ ဂျေးဆူ၊ ဒန်နီလို၊ ဖာနန်ဒင်ဟို၊ အီဒါဆန်(ဘရာဇီးလ်)၊ ဝေါ်လ်ကာ၊ ဂျွန်စတုန်းစ်၊ စတာလင်၊ ဒဲ့လ်ဖ်(အင်္ဂ လန်)နှင့် မန်ဒီ(ပြင်သစ်)တို့သည် မန်စီးတီးကစားသမားများဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်သည်။ မန်စီးတီအသင်းနောက်တွင် စပါးအသင်းက ကစားသ မား(၉)ဦးဖြင့်ရှိနေပြီး မန်ယူအသင်းက ကစားသမား(၈)ဦးဖြင့် တတိယနေရာတွင် ရပ်တည်နေသည်။ ကွာတားဖိုင်နယ်တွင် အသင်း (၈)သင်းမှ ကစားသမား(၁၈၄)ဦး ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပြီး အဆိုပါကစားသမားများမှာ ကလပ်အသင်းပေါင်း (၈၆)သင်းမှဖြစ်ကာ ပရီးမီးယားလိဂ်ကလပ်များက ကစားသမားပါဝင်မှုတွင် ထိပ်ဆုံး(၃)နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ကစားသမားအများဆုံးပါဝင်နေသည့် ကလပ်အသင်းများ

ကလပ်အသင်း                     ဦးရေ
မန်စီးတီး (အင်္ဂလန်)              ၁၁
စပါး (အင်္ဂလန်)                      ၉
မန်ယူ (အင်္ဂလန်)                   ၈
ချယ်လ်ဆီး (အင်္ဂလန်)           ၇
PSG (ပြင်သစ်)                     ၇
ဘာစီလိုနာ (စပိန်)                ၇
အက်သလက်တီကို (စပိန်)   ၆
ရီးယဲလ်မက်ဒရစ် (စပိန်)       ၅
လီဗာပူးလ် (အင်္ဂလန်)          ၅