အင်္ဂလန်အသင်းအတွက် အာရုံစိုက်ရန် ဟာရီကိန်း လူမှုကွန်ရက် သုံးစွဲခြင်းမရှိ

အင်္ဂလန်အသင်းအတွက် အာရုံစိုက်ရန် ဟာရီကိန်း လူမှုကွန်ရက် သုံးစွဲခြင်းမရှိ
Published 5 July 2018

 

Photo: AFP

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းသည် က မ္ဘာ့ဖလားကာလအတွင်း အသင်းအတွက် အာရုံစိုက်နိုင်ရန် လူမှုကွန်ရက်များကို အသုံးပြုခြင်းမရှိကြောင်း သိရှိရသည်။

ဟာရီကိန်းသည် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Instagram နှင့် Twitter တို့တွင် follower (၇)သန်းကျော် ရရှိထားသူဖြစ်သည်။

ဟာရီကိန်းက ၎င်းအနေဖြင့် ပြီးခဲ့သည့် ယူရို-၂၀၁၆ ပြိုင်ပွဲတွင် လူမှုကွန်ရက်တစ်ခုဖြစ်သည့် Twitter ကို အမြဲတစေကြည့်ပြီး ပရိသတ်များ ပြောထားသည်များကို ဖတ်ခြင်းဖြင့် အနုတ်သဘောဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

" ကျွန်တော့်အတွက် က မ္ဘာ့ဖလားကာလမှာ လှုမှုကွန်ရက်တွေနဲ့ ဝေးဝေးနေတာ ပိုကောင်းပါတယ်။ ယူရို ၂၀၁၆ တုန်းကဆိုရင် ကျွန်တော်ဟာ Twitter ကြည့်ရင်ကြည့် မဟုတ်ရင် သတင်း Apps တွေ ဝင်ဖတ်ပြီး ဘယ်သူတွေ ဘာပြောကြလဲဆိုတာကို ကြည့်နေခဲ့ပါတယ်။ အဲဒါတွေက ဆိုးကျိုးဖြစ်စေခဲ့ပြီး စိတ်ကို ရှုပ်ထွေးစေပါတယ်။ ကျွန်တော်က စိတ်ရှင်းနေမှ ပိုအဆင်ပြေတာပါ" ဟု ပြောကြားခဲ့သည်။

ဟာရီကိန်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၆)ဂိုးအထိ သွင်းယူထားပြီး ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးမှ ဦးဆောင်နေသည်။

Most Read

Most Recent