ကိုလံဘီယာ - အင်္ဂလန် ပွဲစဉ်အပြီး ထူးခြားမှတ်တမ်းများ

ကိုလံဘီယာ - အင်္ဂလန် ပွဲစဉ်အပြီး ထူးခြားမှတ်တမ်းများ
Published 4 July 2018

 

အင်္ဂလန်အသင်းသည် ကိုလံဘီယာအသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရခဲ့ခြင်းမှာ အသင်းသမိုင်းတစ်လျှောက်
အဓိကပြိုင်ပွဲကြီးများ၏ရှုံးထွက်အဆင့်(၈)ကြိမ်တွင် ဒုတိယမြောက်နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ပယ်နယ်တီအဆုံးအဖြတ်(၆)ကြိမ် ရှုံးနိမ့်ထားသည်။

အင်္ဂလန်အသင်းသည် ယခုနိုင်ပွဲကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၂၀၀၆ ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ် ကွာတားဖိုင်နယ်သို့
တက်ရောက်နိုင်ခဲ့သည်။

ယခုနှစ်ကျင်းပနေသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်တွင် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာ ပထမဆုံးပယ်နယ်တီကန်ခွင့်ရ
သည့် အသင်း (၃)သင်းစလုံး ရှုံးနိမ့်ကာပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

 

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် လက်ရွေးစင်အသင်းအတွက် (၆)ပွဲဆက်ဂိုးသွင်းယူနိုင်မှုမှာ ၁၉၃၉ ခုနှစ်က သွင်းယူခဲ့သည့်တွမ်မီလော်တန်နောက်ပိုင်း ပထမဆုံးသွင်းယူမှုဖြစ်လာသည်။

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ရသည့် (၃)ပွဲတွင်
(၆)ဂိုးသွင်းယူနိုင်မှုမှာ ဟန်ဂေရီတိုက်စစ်မှူးဟောင်း ကော့စ်ဆစ် (၉ဂိုး)၊ ဂျာမနီတိုက်စစ်မှူးဟောင်း ဂတ်ဒ်မူလာ (၇ဂိုး) နှင့် အာဂျင်တီးနား
တိုက်စစ်မှူးဟောင်း စတာဘယ်လ် (၇ဂိုး)တို့ပြီးနောက် ဂိုးအများဆုံးသွင်းယူနိုင်ခြင်းဖြစ်သည်။

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် နည်းပြဆောက်ဂိတ်လက်ထက် ကစားခဲ့သည့် ပွဲစဉ်(၁၀)ပွဲတွင် (၁၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းခေါင်ဆောင်အဖြစ်ပါဝင်ကစားခဲ့သည့် (၈)ပွဲတွင် ပွဲတိုင်းဂိုးသွင်းယူနိုင်ခဲ့ကာ (၁၂)ဂိုးအထိရှိခဲ့သည်။

 

 

ကိုလံဘီယာနောက်ခံလူ မီနာသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲထွက်ခွင့်ရသည့် (၃)ပွဲစလုံး အသင်းအတွက် ခေါင်းတိုက်ဂိုးများသွင်းယူပေးခဲ့သည်။

ကိုလံဘီယာအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ (၃)ကြိမ်မြောက် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ရှုံးထွက် (၁၆)သင်းအဆင့်နှင့် ၂၀၁၄ ကွာတားဖိုင်နယ်တို့တွင် ရှုံးနိမ့်ခဲ့ဖူးသည်။

အင်္ဂလန်အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးပေါက်တည့်ကန်ချက် (၆)ရှိခဲ့ပြီး ယင်း(၆)ကြိမ်စလုံး
ဂိုးရယူနိုင်ခဲ့သည်။

 

 

Most Read

Most Recent