ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ ခြေသလုံးကြွက်သား ထိခိုက်မှုမရှိဟု အသင်းမှ အတည်ပြု

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ ခြေသလုံးကြွက်သား ထိခိုက်မှုမရှိဟု အသင်းမှ အတည်ပြု
Published 4 July 2018

ဥရုဂွေးအသင်းက အသင်း၏တိုက်စစ် မှူး ကာဗာနီမှာ ပေါ်တူဂီနှင့်ကစားသည့်ပွဲ တွင် ဒဏ်ရာရရှိမှုကြောင့် လူစားလဲခံခဲ့ရသော် လည်း ခြေသလုံးကြွက်သားတွင် ထိခိုက်မှု မရှိကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့ သည်။

ထို့ကြောင့် ကာဗာနီအနေဖြင့် ဇူလိုင် ၆ ရက်တွင် ပြင်သစ်နှင့်တွေ့ဆုံနေသည့် ကွာ တားဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ကစားရန် အခွင့် အရေး ပိုများလာခဲ့သည်။

ဥရုဂွေးအသင်း၏ထုတ်ပြန်ချက်တွင် Scan ရိုက်ချက်အရ ကာဗာနီ၏ခြေသလုံးမှာ ရောင်ကိုင်းနေသော်လည်း <ကက်သားတွင် မည်သည့်ပြဿနာမျှရှိမနေဟု ရေးသားထားသည်။

ကာဗာနီအနေဖြင့် အသင်းအခြေစိုက် ရာ Bor ရှိ လေ့ကျင့်ရေးစခန်းတွင် အခြားအ သင်းဖော်များနှင့်အတူ တက်<ကလန်းဆန်း နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့ သည်။

၎င်းသည် လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ရုရှားနှင့်ကစားသည့် အုပ်စုနောက်ဆုံး ပွဲ၌ တစ်ဂိုး၊ ပေါ်တူဂီနှင့်ကစားသည့် အုပ်စု နောက်ဆုံးပွဲ၌ နှစ်ဂိုးသွင်းယူထားကာ အ သင်းတွင် ဂိုးအများဆုံးဖြစ်နေသည်။

အသင်း ဖော် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ဘန်တန်ကူကလည်း ကာဗာနီမှာ စိတ်ဓာတ် ပိုင်းမာကျောသူတစ်ဦးဖြစ်ကြောင်း မှတ်ချက် ပြုခဲ့သည်။

Photos:AFP

Most Read

Most Recent