ဂျာမနီအသင်းနည်းပြအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် ယော်ကင်လိုး ဆုံးဖြတ်

ဂျာမနီအသင်းနည်းပြအဖြစ် ဆက်လက်ဆောင်ရွက်သွားရန် ယော်ကင်လိုး ဆုံးဖြတ်
Published 4 July 2018

ဂျာမနီအသင်းနည်းပြ ယော်ကင်လိုး သည် ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှ အရှက်တကွဲထွက်ခဲ့ရသော်လည်း အသင်း နည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ယော်ကင်လိုးသည် ငါးရက်ကြာ စဉ်းစား ပြီးနောက် အသင်းတွင်ဆက်နေရန် ဆုံးဖြတ် ချက်ချခဲ့ခြင်းဖြစ်သည်။

၎င်းအနေဖြင့် ကမ္ဘာ့ ဖလားပြိုင်ပွဲမတိုင်မီက ၂၀၂၂ ကာတာကမ္ဘာ့ ဖလားပြိုင်ပွဲအထိ သက်တမ်းရှိမည့် လေးနှစ် စာချုပ် ချုပ်ဆိုထားခဲ့သည်။

သူ၏ အနာဂတ် မှာ နိုင်ငံလက်ရွေးစင်အသင်းတွင် ဆက်ရှိ နေမည်ဟု ယော်ကင်လိုးက အတိအလင်း ဝန်ခံခဲ့ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရိန်းဟတ်ဂရင်ဒယ်လ်၏အားပေးထောက်ခံ မှုကိုလည်း လက်ခံရရှိကြောင်း ပြောကြားခဲ့သည်။

ယော်ကင်လိုးသည် ၂၀၁၄ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင် ဂျာမနီအသင်းကို ဆုဖလား ရယူပေးခဲ့ပြီးနောက် သူ၏အနာဂတ်ကို ဆုံး ဖြတ်ရန် ရက်သတ္တပတ်အနည်းငယ် အချိန် ယူခဲ့ပြီး ယခုအခါတွင်မူ ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ရေးသားခဲ့သည်။

၎င်းအနေ ဖြင့် ယူရို-၂၀၂၀ ခြေစစ်ပွဲနှင့် ပြိုင်ပွဲသစ် UEFA Nations League ပြိုင်ပွဲများအတွက် အသင်းကို ဦးဆောင်သွားရမည်ဖြစ်သည်။

ဂျာမနီအသင်းသည် ရုရှားကမ္ဘာ့ဖလားပြိုင် ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည့် လေးသင်းမြောက် ချန်ပီယံအသင်းအဖြစ် မှတ် တမ်းဝင်ခဲ့ပြီး အသင်း၏ကမ္ဘာ့ဖလားသမိုင်းတွင်လည်း အုပ်စုအဆင့်ပါဝင်သည့်ပြိုင်ပွဲများတွင် ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။

Most Read

Most Recent