Golden Boy (အကောင်းဆုံးလူငယ်ကစားသမား) ဆုအတွက် ပဏာမစာရင်း ထုတ်ပြန်

Golden Boy (အကောင်းဆုံးလူငယ်ကစားသမား) ဆုအတွက် ပဏာမစာရင်း ထုတ်ပြန်
Published 4 July 2018

၂၀၁၈ Golden Boy (အကောင်းဆုံး လူငယ်ကစားသမား) ဆုအတွက် ပဏာမ ၁၀၀ စာရင်းကို ဇူလိုင် ၂ ရက်က ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။

ယင်းဆုမှာ ဥရောပတွင်ကစားနေသည့် အသက် ၂၁ နှစ် အောက်လူငယ်ကစားသမားများထဲမှ ရွေး ချယ်ချီးမြှင့်ခြင်းဖြစ်ပြီး အီတလီသတင်းစာ Tuttosport က ၂၀၀၃ ခုနှစ်တွင် စတင်အ ကောင်အထည်ဖော်ခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိတွင် Tuttosport အပါအဝင် အခြားအားကစားသတင်းစာ၊ မဂ္ဂဇင်းများမှ ဂျာနယ်လစ် ၃၀ က အကောင်းဆုံးဆုရှင်ကို မဲပေးရွေးချယ်ကြမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွက်ထုတ်ပြန်ခဲ့သည့် ပဏာမ စာရင်းတွင် ယမန်နှစ်အကောင်းဆုံးဆုရှင် ဘာပေအပါအဝင် ဥရောပထိပ်တန်းလိဂ် များမှ အာနိုးလ်၊ ကူထရိုနီ၊ တွမ်ဒေးဗီးစ်၊ ဟာ ကီမီ၊ ဟာဗက်ဇ်၊ အီဆက်ခ်၊ အောက်စဖို့ဒ်၊ ပယ်လီဂရီ၊ ပူလီရှစ်၊ ရတ်ဆိုးစ်စသည့် ကြယ် ပွင့်ကစားသမားအများအပြား ပါဝင်လာခဲ့ ကြသည်။

လိဂ်ပြိုင်ပွဲများအနက် ပရီးမီးယား လိဂ်ပြိုင်ပွဲမှ ကစားသမား ၁၇ ဦးဖြင့် အများ ဆုံးပါဝင်ခဲ့သည်။

ပရီးမီးယားလိဂ်မှ ပဏာမ စာရင်းဝင်ခဲ့သည့် ၁၇ ဦးတွင် လီဗာပူးလ်၊ မန် ယူ၊ မန်စီးတီးနှင့် အာဆင်နယ်အသင်းများမှ လေးဦးစီ၊ စပါးအသင်းမှ နှစ်ဦး၊ ချယ်လ်ဆီး၊ အဲဗာတန်နှင့် ဝက်စ်ဟမ်းအသင်းများမှ တစ် ဦးစီဖြစ်ခဲ့သည်။

ဖူလ်ဟမ်အသင်းနှင့် လိဂ် ချန်ပီယံရှစ်တွင် ခြေစွမ်းပြခဲ့သည့် ဆီဆက်ဂ နွန်မှာ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

Photos:AFP

Most Read

Most Recent