မီလင်ကိုဗစ်အား စိတ်ဝင်စားသည့်အသင်းထဲတွင် ဘာစီလိုနာ ပါဝင်လာ

မီလင်ကိုဗစ်အား စိတ်ဝင်စားသည့်အသင်းထဲတွင် ဘာစီလိုနာ ပါဝင်လာ
Published 3 July 2018

ပြီးခဲ့သည့်ရာသီက လာဇီယိုအသင်းနှင့်အတူ ထင်ပေါ်လာခဲ့သည့် ဆားဘီးယားလက်ရွေးစင်ကွင်းလယ်လူ မီလင်ကိုဗစ်ကို စိတ်ဝင်စားသည့်အသင်းထဲတွင် ဘာစီလိုနာအသင်းပါ ပါဝင်လာခဲ့ကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်းသည် အသက်(၂၃) နှစ်အရွယ် မီလင်ကိုဗစ်ကို ခေါ်ယူရန်အတွက် အသင်းမှ ဘရာဇီးလ်ကွင်းလယ်လူ ပေါ်လင်ညိုကို ရောင်းချရန်စီစဉ်နေကြောင်း လည်း သိရသည်။

မီလင်ကိုဗစ်ကို လာဇီယိုအသင်းက ယူရိုသန်း(၁၀၀) ဈေးနှုန်းသတ်မှတ်ထားပြီး ၎င်းင်းအား ခေါ်ယူရန် ဥရောပထိပ်သီးများဖြစ်သည့် မန်ယူနှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။

အီတလီသတင်းများတွင် ဖော်ပြချက်အရမူ လာဇီယိုအသင်းသည် ဂျူဗင်တပ်စ်ထံ မီလင်ကိုဗစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်း နှင့် အသင်းကစားသမား ဘန်တန်ကူကို အလိုက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

သို့သော် ဂျူဗင်တပ်စ်အသ်ငးက မီလင်ကိုဗင်၏ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)နှင့်(၈၀)အကြားသာ ပေးချေလိုပြီး ကစားသမားအလိုက်ပေးရန်လည်း ဆန္ဒမရှိဖြစ်နေသည်။

မီလင်ကိုဗစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆားဘီးယားအသင်း၏အုပ်စုပွဲ(၃)ပွဲစလုံးတွင် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သည်။

Most Read

Most Recent