စပိန်အသင်း၏ ထိရောက်မှုမရှိသည့် Tiki-taka ကစားဟန်ကို ဖာဘရီဂတ်စ် ပြစ်တင်

စပိန်အသင်း၏ ထိရောက်မှုမရှိသည့် Tiki-taka ကစားဟန်ကို ဖာဘရီဂတ်စ် ပြစ်တင်
Published 3 July 2018

ချယ်လ်ဆီးအသင်းမှ စပိန်ကွင်း လယ်လူ ဖာဘရီဂတ်စ်က အိမ်ရှင် ရုရှားအား ပယ်နယ်တီဖြင့်ရှုံးနိမ့်ခဲ့သည့် ပွဲတွင် စပိန်အသင်း၏ Tiki-taka ကစားဟန်ကို ဝေဖန်ခဲ့သည်။

စပိန်အသင်းသည် အဆိုပါပွဲ စဉ်တွင် မိနစ်(၉၀)အတွင်း ဘောလုံး ပေးပို့မှု (၇၇၉)ကြိမ်ပြုလုပ်ခဲ့ရာ ကမ္ဘာ့ ဖလားသမိုင်းတစ်လျှောက် ပွဲစဉ်တစ် ပွဲအတွင်း ဘောလုံးပေးပို့မှုအများဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အချိန်ပိုမိနစ်(၃၀)အတွင်း ဘောလုံး ပေးပို့မှုများကို ပေါင်းတွက်မည်ဆိုပါက စပိန်အသင်းသည် အဆိုပါပွဲစဉ်တွင် ဘောလုံးပေးပို့မှု (၁၁၁၄)ကြိမ်အထိ ရှိခဲ့သည်။

ဖာဘရီဂတ်စ်က ''သူတို့ (စပိန်) က ဘောလုံးကိုင်ကစားတယ်။ Tiki-taka ကို ကျွန်တော်ကြိုက်ပါတယ်။ ကြည့်လို့ကောင်းတာကိုး။ ဒါပေမဲ့ လှ တာပဲရှိပြီး ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒီ ယေဂိုကော်စတာဆီကို ဘောလုံးပေး တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စပိန်အ သင်း နောက်မှာပဲ တစ်ချိန်လုံး ဘော လုံးပေးနေခဲ့တာပါ။ ကျွန်တော်အမြင် ပြောရရင်တော့ ဒီပွဲမှာ စပိန်က တိုက် စစ်ဆင်ဖို့ထက် ဘောလုံးပိုင်ဆိုင်ဖို့ကို ပဲ စဉ်းစားခဲ့တာပါ''ဟု ဆိုခဲ့သည်။

Photo:AFP

ရုရှားနှင့်ပွဲမှ စပိန်အသင်း၏ဘောလုံးပေးပို့မှု ကိန်းဂဏန်းများ

၁၁၁၄ - ရုရှားနှင့်ပွဲတွင် အချိန်ပိုအပါအဝင် စပိန် အသင်း၏ ကမ္ဘာ့ဖလားသမိုင်း စံချိန်တင်ဘော လုံးပေးပို့မှုအရေအတွက်။

၇၇၉ - မိနစ်(၉၀)အတွင်း စပိန်အသင်း၏ဘော လုံးပေးပို့မှုဖြစ်ပြီး ၂၀၁၀ ကမ္ဘာ့ဖလားမှ အာဂျင် တီးနား-ဂရိပွဲစဉ်တွင် အာဂျင်တီးနား(၇၀၃ ကြိမ်) စံချိန်ကို ကျော်ဖြတ်

၁၄၁ - ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်တစ်ပွဲတွင် ဘော လုံးပေးပို့မှုအများဆုံးဖြစ်ခဲ့သည့် ရာမို့စ်၏ ဘော လုံးပေးပို့မှုအရေအတွက်

၁၂ - အစ္စကိုသည် ရုရှားနှင့်ပွဲ၌ ဘောလုံးပေးပို့မှု (၁၃၂)ကြိမ်တွင် ရှေ့သို့ပေးပို့သည့်အရေအတွက်

၇၉ - ရုရှားနှင့်ပွဲတွင် စပိန်အသင်း၏ ဘောလုံး ပိုင်ဆိုင်မှုရာခိုင်နှုန်း

Most Read

Most Recent