၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 3 July 2018

ဆွီဒင် နှင့် ဆွစ်ဇာလန် (မြန်မာစံတော်ချိန် အင်္ဂါည ၈း၃၀ နာရီ)

နှစ်သင်းစလုံးက ကစားပုံမာကျောတယ်။ ကြံ့ခိုင်တယ်။ စုစည်းမှုကောင်းတယ်။ ဆွစ်ဇာလန်တိုက်စစ်ပိုင်းမှာ တစ်ဦးချင်း လုပ်ရည်ကိုင်ရည်မြင့်တဲ့ကစားသမားတွေ ရှိပြီး၊ ဆွီဒင်ကတော့ ခံစစ်ရော၊ ကွင်းလယ်ရော၊ တိုက်စစ်ပါ အသင်းလိုက်ဟန်ချက်နဲ့ တည်ဆောက်ထားတဲ့အသင်းပါ။ ဒီအသင်းကို ဘယ်သူကယ်တင် မလဲဆိုတာကိုတောင် ပြောရခက်တယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ တွိုင်ဗိုနန်က Peak Form ရောက်နေတယ်။ ဒီနှစ်သင်းယှဉ်ရင် ဆွီဒင်က ပိုမာကျောသလို၊ ခြေစစ်ပွဲ၊ Play-off၊ အုပ်စုအဆင့်တွေမှာလုပ်ပြခဲ့တာတွေကြောင့် ပိုကြိုက်တယ်။

ကိုလံဘီယာ နှင့် အင်္ဂလန် (မြန်မာစံတော်ချိန် ဗုဒ္ဓ္ဓဟူးနံနက် ၀၀း၃၀ နာရီ)

အင်္ဂလန်ကစားခဲ့တဲ့ ပြိုင်ဘက်တွေကိုကြည့်လိုက်ရင် ဒီအသင်း ခြေစွမ်းပြနေတယ်ဆိုတာ၊ ဂိုးတွေသွင်းနေတယ်ဆိုတာ၊ ခံစစ်တည်ငြိမ်တယ်ဆိုတာ ဘာကြောင့်လဲဆိုတာ မြင်ရလိမ့်မယ်။ အင်္ဂလန်က တစ်ဦးချင်းကောင်းပြီး မြန်တယ်။ ခံစစ်ကနေ တန်ပြန်တိုက်စစ်ကို Transition လုပ်တာတွေမြန်တယ်။ ကောင်းကွက်တွေကိုကြည့်လိုက်ရင် စည်းလုံးပြီး ကစားအားကောင်းတာတွေ့ရတယ်။ ဒါပေမဲ့ ဘောလုံးအားကစားနည်းရဲ့ Class နဲ့ စဉ်းစားရင် အင်္ဂလန်ကစားနေတဲ့ပုံစံက ဒုတိယတန်းစားအဆင့်ပဲရှိပါတယ်။ ကိုလံဘီယာကတော့ နှစ်ပိုင်းခွဲပြောရမယ်။ ဟာမီးစ်ရိုဒရီဂွက်ဇ်ပါတဲ့ကစားပုံက တစ်ပိုင်း၊ မပါတဲ့ ပုံစံက တစ်ပိုင်း။ တစ်ခုရှိတာက ကိုလံဘီယာက ဟာမီးစ်ကို အရမ်းမှီခိုထားတာမျိုးတော့မဟုတ်ဘူး။ သူမပါရင် ကစားဟန်ပြောင်းသွားပြီး ထိ ရောက်မှုနည်းနည်းကျသွားတာပဲရှိတယ်။ ဒါပေမဲ့ အင်္ဂလန်ကို ရပ်တန့်နိုင်တဲ့ကွင်းလယ်၊ ခြိမ်းခြောက်နိုင်တဲ့ တိုက်စစ်ရှိတယ်။ ကိုလံဘီယာကို ကြိုက်တယ်။

Photos:AFP

Most Read

Most Recent