ဘရာဇီးလ်နောက်ခံလူ မာဆယ်လို အသင်းအရန်စာရင်းတွင် ပါဝင်လာမည်

ဘရာဇီးလ်နောက်ခံလူ မာဆယ်လို အသင်းအရန်စာရင်းတွင် ပါဝင်လာမည်
Published 2 July 2018

ကျောဒဏ်ရာပြဿနာရှိသည့် ဘရာဇီးလ်နောက်ခံလူ မာဆယ်လိုသည် ယနေ့တွင်ကစားမည့် မက္ကဆီကိုနှင့် ရှုံးထွက်(၁၆)သင်းအဆင့်ပွဲ၌ ပွဲထွက်ကစားခွင့်ရမည်မဟုတ်သော်လည်း အသင်းအရန်စာရင်းတွင် ပါဝင်လာမည်ဖြစ်သည်။

မာဆယ်လိုမှာ ဆားဘီးယားအသင်းနှင့်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ အသင်းနှင့်လေ့ကျင့်ခန်းပြန်ဆင်းလျက်ရှိသည်။

သို့သော် ဘရာဇီးလ်အသင်းနည်းပြ ထိထီက မာဆယ်လိုကို အရဲစွန့်အသုံးပြုသွားမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

'' မက္ကဆီကိုနဲ့ပွဲမှာကစားမယ့်အသင်းကို အတည်ပြုပါတယ်။ နောက်ဆုံးကစားတဲ့ပွဲက လူစာရင်းအတိုင်းပဲပေါ့။ မာဆယ်လိုနေရာမှာတော့ ဖိလစ်ပီလူးဝစ် ကစားလိမ့်မယ်'' ဟု ထိထီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ထိထီက အသင်းအဓိကကစားသမား နေမာမှာ အကောင်းဆုံးပုံစံပြန်ရောက်နေပြီဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

နေမာသည် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲ(၃)ပွဲစလုံး ပါဝင်ကစားခဲ့သော်လည်း (၁)ဂိုးသာ သွင်းယူထားနိုင်သေးသည်။

သို့သော် နေမာမှာ လက်ရှိပြိုင်ပွဲတွင် ဘောလုံးအပျက်အများဆုံး၊ ဂိုးကန်သွင်းခွင့်အများဆုံးနှင့် တစ်ဦးချင်းဖြတ်ကျော်နိုင်မှုစာရင်းများတွင် ထိပ်ဆုံး၌ရှိနေကြောင်း သိရသည်။

Most Read

Most Recent