မီလင်ကိုဗစ်အတွက် လာဇီယို၏တောင်းဆိုမှုကို ဂျူဗင်တပ်စ် သဘောမတူ

မီလင်ကိုဗစ်အတွက် လာဇီယို၏တောင်းဆိုမှုကို ဂျူဗင်တပ်စ် သဘောမတူ
Published 2 July 2018

ဂျူဗင်တပ်စ်အသင်းသည် လာဇီယိုကွင်းလယ်လူ မီလင်ကိုဗစ်ကို ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်း လာဇီယိုအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းနှင့် ဘန်တန်ကူကိုပါ အလိုက်ပေးရန် တောင်းဆိုမှုကို ငြင်းဆန်ခဲ့ကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။

မီလင်ကိုဗစ်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူအသင်းမှ စိတ်ဝင်စားနေသော်လည်း ဂျူဗင်တပ်စ်အသင်းက လက်ဦးမှုရယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အီတလီသတင်းစာ Tuttosportက လာဇီယိုအသင်းသည် ဂျူဗင်တပ်စ်အသင်းနှင့် ဆွေးနွေးမှုစတင်နေပြီး ငွေကြေးအပြင် ကစားသမားပါအလိုက်ပေးရန် တောင်းဆိုခဲ့သည်ဟု ရေးသားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းမှာ လာဇီယို၏ကနဦးတောင်းဆိုမှုကို ပယ်ချခဲ့သော်လည်း ဆွေးနွေးမှုများမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်ကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် မီလင်ကိုဗစ်၏ပြောင်းရွှေ့ကြေးအတွက် ပေါင်(၈၉)သန်းအထိ ပေးချေရန်ဆန္ဒမရှိသလို၊ ဘန်တန်ကူမှာလည်း အသင်းအနာဂတ်အတွက် အရေးပါသည့်ကြယ်ပွင့်ဖြစ်ခြင်းကြောင့် တောင်းဆိုမှုကို ပယ်ချခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်း အထွေထွေမန်နေဂျာဖြစ်သူ ဂူဆက်ပီမာရော့တာသည် မီလင်ကိုဗစ်ကို ပြောင်းရွှေ့ကြေး (၇၁)သန်းနှင့် သန်း(၈၀)ကြားသာ ပေးပြီး ခေါ်ယူနိုင်ရန် မျှော်လင့်လျက်ရှိသည်။

Photos:AFP

Most Read

Most Recent