၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 1 July 2018

 

Photos: AFP

 

■  စပိန် နှင့် ရုရှား (မြန်မာစံတော်ချိန် တနင်္ဂနွေည ၈း၃၀ နာရီ)

အိမ်ရှင်အသင်းက စပိန်အတွက် လွယ်ကူတဲ့ ပြိုင်ဘက်မဟုတ်တာကို သတိပြုရမယ်။ ရုရှားက ဥရုဂွေးနဲ့ပွဲမှာ (၃)ဂိုးပြတ် ရှုံးခဲ့တာမှန်တယ်။ ဒါပေမဲ့ စပိန်ရဲ့ ကစားပုံက ရုရှားကို ခံစစ်မှာ စုစည်းစေပြီး၊ တိုက်စစ်မှာ အမြင့်ဘောတွေနဲ့ ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ စပိန်အသင်းရဲ့ အုပ်စုအဆင့် ဖြတ်သန်းမှုကို ကြည့်ရင် သူတို့နဲ့ ယှဉ်ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ပွဲမှာအကောင်းဆုံးဖြစ်ခဲ့ပြီး အီရန်၊ မော်ရိုကိုတို့လို ပိတ်ဆို့ကစားတဲ့အသင်းတွေနဲ့ ပွဲတွေမှာ ရုန်းကန်ခဲ့ရတာကိုတွေ့ရတယ်။ စပိန်ရဲ့ ကစားဟန်က ပြိုင်ဘက်အသင်းကို ဂိုးဧရိယာထဲ ပိတ်ဆို့နေအောင် ကစားတာမျိုးဖြစ်ပြီး၊ ပြိုင်ဘက်ခံစစ်ကစားသမားတွေနဲ့ကွင်းလယ်လူတွေက လိုက်မတက်လာရင် ဂိုးရဖို့ ပြန်ခက်သွားပြန်တယ်။ ရုရှားမှာ အားသာချက်က ဖြတ်တင်ဘောတွေနဲ့ ခေါင်းတိုက်ကောင်းသူတွေ ရှိနေတာဖြစ်ပြီး စပိန်ကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်။ စပိန်ခြေချော်သွားနိုင်တယ်။

 

■  ခရိုအေးရှား နှင့် ဒိန်းမတ် (မြန်မာစံတော်ချိန် တနင်္လာနံနက် ၀၀း၃၀ နာရီ)

ခရိုအေးရှားက အရမ်းလူပြောများနေတယ်။ သူတို့ကွင်းလယ်ကြောင့်လည်း ခရိုအေးရှားက အားသာလေ့ရှိတယ်။ ဒါပေမဲ့ ဒိန်းမတ်က စုစည်းမှုကောင်းတယ်။ အရမ်းမာကျောတယ်။ ဒိန်းမတ်ရဲ့ တိုက်စစ်နဲ့ ခရိုအေးရှားတိုက်စစ်က သိပ်မကွာဘူး။ ဒီပွဲက အချိန်ပိုအထိရောက်နိုင်တယ်။ ဒိန်းမတ်ကိုကြိုက်တယ်။

Most Read

Most Recent