■ နောက်ဆုံးရ သတင်းတိုများ

■ နောက်ဆုံးရ သတင်းတိုများ
Published 1 July 2018

Photo: The Indian Express

■ မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ကြိမ်စီ ပါဝင်ကစားခဲ့ကြသော်လည်း ရှုံးထွက်အဆင့် ပွဲစဉ်များတွင် လုံး၀ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

■ အေစီမီလန်အသင်းမှ အာဂျင်တီးနားကွင်းလယ်လူ ဘစ်ဂလီယာသည် လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြောင်း ပြင်သစ်အသင်းအား (၄-၃)ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကြေညာခဲ့သည်။

■ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသော်လည်း ယော်ကင်လိုးမှာ နည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ဂျာမနီဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သည်။

■ အာဂျင်တီးနားအသင်းနည်းပြ ဆမ်ပါအိုလီက ၎င်းအနေဖြင့် အာဂျင်တီးနားအသင်းမှ ထွက်ခွာရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

■ စပိန်အသင်းမှ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား ဗက်ဇ်ကေးကို ခေါ်ယူရန် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းများဖြစ်သည့် အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့က အပြိုင် စိတ်ဝင်စားနေကြောင်း သိရသည်။

■ အင်တာမီလန်အသင်းသည် ဆာဆူအိုလိုအသင်းညာတောင်ပံကစားသမား ပိုလီတာနိုကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

Most Read

Most Recent