အာဂျင်တီးနားလက်ရွေးစင်အသင်းမှ ဝါရင့်ကွင်းလယ်လူ မာရှေရာနို အနားယူ

အာဂျင်တီးနားလက်ရွေးစင်အသင်းမှ ဝါရင့်ကွင်းလယ်လူ မာရှေရာနို အနားယူ
Published 1 July 2018

Photo: Reuters

အာဂျင်တီးနားဝါရင့်ကွင်းလယ်လူ မာရှေရာနိုသည် လက်ရွေးစင်အသင်းမှ အနားယူခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အသက် (၃၄)နှစ်အရွယ်ရှိ မာရှေရာနိုသည် ပြင်သစ်အသင်းကို (၄-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ကမ္ဘာ့ဖလားရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်အပြီးတွင် အာဂျင်တီးနားလက်ရွေးစင်အသင်းမှ အနားယူကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

မာရှေရာနိုက "ဒီပုံပြင်ကတော့ ပြီးသွားပါပြီး။ နောက်ဆုံးပွဲသိမ်းခရာမှုတ်ချိန်အထိ ကျွန်တော်တို့ အစွမ်းရှိသမျှ ကြိုးစားခဲ့ပါတယ်။ အခုတော့ ကျွန်တော်ဟာ အာဂျင်တီးနားအသင်းရဲ့ ပရိသတ်တစ်ယောက်ပါပဲ။ အနာဂတ်မှာ ဒီကလေးတွေ(အာဂျင်တီးနားကစားသမား)တွေ အောင်မြင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်"ဟု ပြောကြားခဲ့သည်။

မာရှေရာနိုသည် အာဂျင်တီးနားအသင်းအတွက် ၂၀၀၃ ခုနှစ်တွင် စတင်ကစားခဲ့ပြီး လက်ရွေးစင်အဖြစ် ပွဲပေါင်း (၁၄၅)ပွဲအထိ ကစားခဲ့သူဖြစ်သည်။ မာရှေရာနိုသည် အာဂျင်တီးနားအသင်းနှင့်အတူ အိုလံပစ်ရွှေတံဆိပ်ဆုကို ၂၀၀၄ နှင့် ၂၀၀၈ ခုနှစ်များတွင် ရရှိခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent